Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

0
By Editor on May 30, 2025 Khonumthung

(005MK)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့က ဘိန်းဖြူအမြောက်အများဖမ်းဆီးရမိသော TPCE မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီးရမိကြောင်း Hualngoram People Organization /CDF-Hualngoram က ထုတ်ပြန်သည်။

HPO/CDF Hualngoram သည် ပြီးခဲ့သော မေလ ၂၂ ရက်နေ့က ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်(တီအိုချောင်း) က TPCE မူကြိုကျောင်းတွင် ဘိန်းဖြူ ဆပ်ပြာ ဗူး (၄၂၇) ဗူးဖမ်းဆီးခဲ့ပြီးနောက် အဆိုပါမူကြိုကျောင်းကိုလည်း ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရက ချိတ်ပိတ်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်သောကွင်းဆက်များဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်တွင် မေလ ၂၈ ရက်နေ့ က ကျောင်းသားမိဘတစ်ချို့၏တောင်းဆိုချက်ဖြင့် အမှုတော်ဆောင်များနှင့် အသိသက်သေများ ရှေ့မှောက်တွင် ကျောင်းအပ်နှံသည့် ငွေစာရင်းများအား ရှာဖွေဆောင်ရွက်ရာမှာ နေအိမ်အတွင်း ဝှက်ထားသော စိတ်ကြွဆေးပြား ၆၀၀၀ နှင့်အတူ မူးယစ်ဆေးရောင်းချရာတွင်အသုံးပြုသော ရူပီးငွေ ၅၁၀၀၀ နှင့် မြန်မာ ကျပ်ငွေ ၂၆၇၄၀၀၀ တို့ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု HPO/CDF-Hualngoram က မေလ ၂၉ ရက်နေ့က ထုတ်ပြန်သည်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်ဆေးဝါးများဖမ်းဆီးသည့် TPCE မူကြို ကျောင်းအုပ် ဦးငွန်ဆွီးထန်းကိုဖမ်းဆီးနိုင်ရေးအတွက် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့၊ YMA များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း HPO/CDF-Hualngoram ကပြောသည်။

TPCE မူကြို ကျောင်းအုပ် ဦးငွန်ဆွီးထန်းသည် CNO/CNDF ၏ ပညာရေးဘုတ်အဖွဲ့ဝင်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း CNO ပညာ ရေးဌာနက ၎င်းတို့၏ အဖွဲ့ဝင်မဟုတ်ကြောင်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိ ကြောင်း ထုတ်ပြန်ထားသည်။

ဟွာလ်ငိုးရမ်းဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တတ်နိုင်သည့်ဘက်မှ တိုက်ဖျက်သွားမှာ ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာ ပူးပေါင်းပါဝင် ပေးကြရန် HPO/CDF-Hualngoram က တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.