Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ် Vaphai ကျေးရွာမြေပြိုမှု စစ်ဘေးရှောင် ၃ ဦးသေဆုံး

မီဇိုရမ်ပြည်နယ် Vaphai ကျေးရွာမြေပြိုမှု စစ်ဘေးရှောင် ၃ ဦးသေဆုံး

0
By Editor on May 31, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်တဝန်းလုံးမှာ ရေကြီး မြေပြိုမှုများဖြစ်ပွားလျှက်ရှိကာ Vaphai ကျေးရွာက မြေပြိုမှုတွင် စစ်ဘေးရှောင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့မေလ ၃၁ ရက်မနက်ပိုင်း ၄ နာရီခန့်တွင် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များငှါးရမ်းနေထိုင်သည့် နေအိမ်တစ်လုံးပြိုကျခဲ့ခြင်းဖြစ်သည်။

မြေပြိုမှုကြောင့် သေဆုံးသွားသူများမှာ ကလေးမြို့နယ် Vutbuak ကျေးရွာမှ Vaphai ကျေးရွာသို့ စစ်ဘေးရှောင်လာ ကြသော အသက် ၇၁ နှစ်အရွယ် Pu Lenkhuaithanga၊ အသက် ၄၈ နှစ်အရွယ် Pi Lalneihthuami နှင့် ကိုယ်ဝန် ၄ လ လွယ်ထားရသော အသက် ၃၄ နှစ်အရွယ် Pi Lalramniengi တို့ဖြစ်ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာဖော်ပြ ထားသည်။

Pi Lalramniengi ၏ အမျိုးသား Pu Pekhmingthanga နှင့် Lalzama တို့ နှစ်ဦးမှာ ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှလွတ်မြောက်ခဲ့ကြပြီး ဒဏ်ရာကိုယ်စီရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။

မြေပြိုမှုကြောင့် သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းကို Vaphai ကျေးရွာတွင် ယနေ့နေ့လယ်ပိုင်းက မြေမြုပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

အလားတူ Serchhip မြို့မှာလည်း ယနေ့မနက်ပိုင်းက မြေပြိုမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာလည်း ယမန်နေ့ညက မြေပြိုမှုဖြစ်ပွားကာ တည်းခိုခန်း နှင့် နေအိမ်အနည်းဆုံး ၅ လုံးခန့်ပြိုကျခဲ့ပြီး အပျက်စီးကြားပိတ်မိနေသူများကို ကယ်ထုတ်နိုင်ပြီလို့သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.