Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မတူပီ၊ တပ်မဟာ – ၂ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း‌ ကြေညာ

CDF – မတူပီ၊ တပ်မဟာ – ၂ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း‌ ကြေညာ

0
By Editor on June 1, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်မဟာ – ၂ ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်အတည်ပြုဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။

မေလ ၂၈ နှင့် ၂၉ ရက်တို့တွင် ၄ နှစ်ပြည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီနှင့် တပ်မဟာ – ၂ တို့၏ ဒုတိယအကြိမ် ညီလာခံကို ကျင်းပပြီးနောက် ယင်းကဲ့သို့ ပြန်လည်အတည်ပြု ဖွဲ့စည်းခြင်းဖြစ်သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီက မေလ ၃၁ ရက်မှာ ထုတ်ပြန်သည်။

CDF – မတူပီ၊ တပ်မဟာ – ၂ ၏ အမည်နာမ၊ အမှတ်တံဆိပ်၊ ရုံးတံဆိပ်တို့ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေး ၄ နှစ်အတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော် ၁၄ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ကာ ရဲဘော် ၂ ဦးမှာ အမြင်အာရုံ ဆုံးရှုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ရဲဘော် ၄၀ ဦးကျော် ရှိသည်ဟု သိရသည်။

ကျဆုံးရဲဘော်များ၊ ဒဏ်ရာရ ကိုယ်လက်အင်္ဂါပေးဆပ်သူများကို CDF – မတူပီမှ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အဖက်ဖက်က ကူညီထောက်ပံ့ပေးသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း CDF – မတူပီက ထုတ်ပြန်သည်။

CDF – မတူပီကို တော်လှန်ရေး ပြီးဆုံးသည်အထိ ကူညီထောက်ပံ့ပေးကြပါရန် နိုးဆော်တိုက်တွန်းထားသည်။

CDF – မတူပီ၊ တပ်မဟာ ၂ အဖွဲ့သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

မတူပီမြို့နယ်အခြေစိုက်သော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီသည် နိုင်ငံရေးနှင့် စစ်ရေး သဘောထား ကွဲလွဲမှုကြောင့် ၂၀၂၄ ခုနှစ် မတ်လက ၎င်းအဖွဲ့၏ တတိယအကြိမ် ညီလာခံမှတဆင့် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် CDF – မတူပီ၊ တပ်မဟာ – ၂ ဟူ၍ ကွဲသွားခဲ့သည်။

ICNCC ၊ ချင်းညီနောင်အဖွဲ့တို့နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်သည့် CDF – မတူပီ၊ တပ်မဟာ – ၁ အဖွဲ့သည် ၂၀၂၅ ခုနှစ် ဧပြီလက Chinland Defense Force – Matupi (ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံရေးအဖွဲ့အနေဖြင့် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (Matupi Revolutionary Organization – MRO) ကို ဖွဲ့စည်းကြောင်း ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.