Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်၊ နောက်ထပ် ၇ နိုင်ငံကို တစိတ်တပိုင်း ပိတ်ပင်

မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်၊ နောက်ထပ် ၇ နိုင်ငံကို တစိတ်တပိုင်း ပိတ်ပင်

0
By Editor on June 5, 2025 Khonumthung

(006SV)

မြန်မာပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာ ဝင်ရောက်ခွင့် ပြည်ဝင်ခွင့် တားမြစ်ကန့် သတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၄ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။

အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် မြန်မာ အပါအဝင် အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရီတရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယား၊ ဆူဒန် နှင့် ယီမင်နိုင်ငံများကို အမေရိကန်က ပြည်ဝင်ခွင့် လုံးဝပိတ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်သို့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရမှုမှာ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကျော် လွန်နေထိုင်မှု များပြားမှုကြောင်းဖြစ်ကြောင်း၊ B1/ B2 ဗီဇာ သက်တမ်းလွန်နေထိုင်မှု ၂၇.၀၇ ရာခိုင်နှုန်း၊ F၊ M နှင့် J ဗီဇာသက် တမ်း လွန်နေထိုင်မှု ၄၂. ၁၇ ရာခိုင်နှုန်း ရှိကြောင်း ၊ အမေရိကန်က နိုင်ငံသား ပယ်ဖျက်ခံရသော လူများကို ပြန်လည်လက်ခံရန် ပူးပေါင်းခြင်း မရှိခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန် သမ္မတရုံးက ထုတ်ပြန်ထားသည်။

အမေရိကန်အစိုးရ၏ ယခုလို ပြည်ဝင်ခွင့် ပိတ်ပင်မှုသည် စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေသော တော်လှန်ရေးအင်အားစုအေပေါ်လည်း သက်ရောက်မှု ရှိကြောင်း မလေးရှားနိုင်ငံ ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည့် Alliance of Chin Refugees ဥက္ကဌ James Bawi Thang Bik က ပြောသည်။

“နိုင်ငံရေးအတွက် လှုပ်ရှားတဲ့ လူတွေအတွက်က တချို့အတွက် အဝင်၊ အထွက်က ခက်သွားမယ်လို့ မြင်တယ်။ မြန်မာတွေ ဘာတွေ ထိခိုက်သွားမလဲဆိုတော့ ဒီတော်လှန်ရေးမှာက ကိုယ့်အားကိုပဲ ပြန်ကိုးရမယ်အခြေအနေ ဖြစ်သွားနိုင်တယ်ပေါ့နော်။ နိုင်ငံရေးအရှုပ်အထွေးမှာက စိန်ခေါ်မှုက တော်တော်များလိမ့်မယ်။ ဒီတော်လှန်ရေး တော်တော်များကလည်း ပြည်ပကိုပဲ အားကိုးပြီး လှုပ်ရှားရတာ များတယ်ဆိုတော့ ဒီမှာ တော်တော်လေ ထိခိုက်တယ်။ နောက်တခုက အဝင်ပဲ ပိတ်တာဆိုတော့ လူသားချင်းစာနာမှုဆိုင်ရာ အထွက်တွေက ဘယ်လောက်ထိခိုက်မလဲဆိုတာ မသိသေးဘူး” ဟု James Bawi Thang Bik က ပြောသည်။

လာအို၊ ဗင်နီဇွဲလား၊ ကျူးဘား၊ ဘူရွန်ဒီ အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကတော့ အမေရိကန်ပြည်ဝင်ခွင့် တစိတ်တပိုင်းအပိတ်ခံရ သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်၊ ဖုန်းနှင့် Power bank များကို အခကြေးငွေပေး၍ အားသွင်းနေကြရ

မတူပီ CDF နှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရာ အချက် ၈ ချက် သဘောတူညီမှုရရှိ

မီဇိုရမ်ပြည်နယ် Vaphai ကျေးရွာမြေပြိုမှု စစ်ဘေးရှောင် ၃ ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.