Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိုဟင်ဂျာခရဏ်ယာန်ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ UNHCR က အိန္ဒိယအစိုးရထံ ပေးအပ်ခြင်းကြောင့် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရဟုဆို
ပုံစာ - India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ရိုဟင်ဂျာခရစ်ယာန် မိသားစု (၃၄) စုအတွက် ငွေကြေးများထောက်ပံ့နေစဉ်

ရိုဟင်ဂျာခရဏ်ယာန်ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ UNHCR က အိန္ဒိယအစိုးရထံ ပေးအပ်ခြင်းကြောင့် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရဟုဆို

0
By Editor on June 24, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခိုလှုံနေထိုင်ကြသော ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည်များ၏ ကိုယ်ရေးအချက် အလက် များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR India) ရုံးက အိန္ဒိယအစိုးရထံ ပေးအပ်ခဲ့ခြင်း ကြောင့် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေကြရပါသည်ဟု India for Myanmar က ယနေ့ထုတ်ပြန်သည်။

ယင်းအခြေအနေကြောင့် အကျိုးဆက်အနေဖြင့် မေလ (၆) ရက်နေ့မှစတင်ကာ အိန္ဒိယနိုင်ငံ၏ FRRO တာဝန်ရှိသူ များနှင့် နယူးဒေလီရဲတပ်ဖွဲ့တို့က ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည်များ၏ နေအိမ်များသို့ အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ဒုက္ခသည်အများအပြားမှာ မိမိတို့နေအိမ်သို့မပြန်နိုင်ဘဲ ဘေးလွတ်ရာသို့ ပုန်းအောင်းနေထိုင်နေ ကြရသည့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်ဟု India for Myanmar က ဆိုသည်။

ထို့အပြင် ရိုဟင်ဂျာခရစ်ယာန် (၁၅) ဦး အပါအဝင် ဒုက္ခသည် (၄၀) ဦးအား မြန်မာနိုင်ငံသို့ အဓမ္မပြန်ပို့ခဲ့ပြီး ယနေ့တိုင် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ကာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဖော်ပြထားသည်။

ဤကဲ့သို့ လူသားမဆန်သော ဖိနှိပ်မှုများကြားမှ ဒုက္ခသည်များနှင့် တစ်သားတည်းရပ်တည်လျက်၊ India for Myanmar အဖွဲ့သည် စာနာမှုပြသသည့်အနေဖြင့် ဒုက္ခရောက်နေသော ရိုဟင်ဂျာခရစ်ယာန် မိသားစု (၃၄) စုအတွက် အိန္ဒိယရူပီး ၅၄၀၀၀ တိတိကို ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်မှတစ်ဆင့် ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

လက်ရှိ ရိုဟင်ဂျာဒုက္ခသည်များ ကြုံတွေ့နေရသော အခြေအနေသည် အိန္ဒိယရှိ မြန်မာနိုင်ငံသားအားလုံးအတွက် အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်ဖြစ်သည်ကို အလေးအနက် သတိပြုစေလိုသည်ဟု India for Myanmar က ဖော်ပြထားသည်။

နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် UNHCR India ရုံး၏ တာဝန်မဲ့သော လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အိန္ဒိယရောက် ဒုက္ခသည်အားလုံး၏ လုံခြုံရေးကို အကာအကွယ်ပေးကြရန် India for Myanmar က အလေးအနက် တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.