Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

0
By Editor on June 26, 2025 Khonumthung

အမည်စာရင်း ပေးသွင်းပြီးသူများအနက် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲ စစ်ရေးလှုပ်ရှားနေသော PDF-Zoland က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) အတွက် တက်ရောက်မည့် သင်တန်းသားများ လက်ခံနေပြီး တက်ရောက်ရန် အမည်စာရင်းပေးသွင်းပြီးသူထဲတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်‌ကြောင်း PDF-Zoland တာဝန်ရှိသူများထံမှ သိရသည်။

PDF-Zoland ၏ အပါတ်စဉ် (၁၆) အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ပြီးဆုံးကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် အပတ်စဉ် (၁၇) အတွက် ပြည်ချစ်လူငယ်များ စစ်ကောင်စီကို တွန်းလှန်ရန် စာရင်းပေးသွင်းနိုင်ပြီဟု ဇွန်လ ၂၃ ရက်နေ့တွင် ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။

“အခုက ကျွန်တော်တို့ PDF-Zoland ရဲ့ အခြေခံစပညာသင်တန်း အပါတ်စဉ် ၁၇ ကို မကြာမီစတင်တော့မှာ။ စာရင်းပေး သွင်းတဲ့သူကျတော့ အယောက် ၅၀ ကျော်နေပြီ၊ သို့သော် သင်တန်းတော့မစသေးဘူး။ နောက် အမျိုးသမီးကတော့ ၃၀ % လောက်ပါတယ်။ အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုက်ထုတ်ချင်တဲ့ မည်သူမဆို ကျွန်တော်တို့ကို လာ join ပါ အမြဲတမ်းကြိုဆိုနေတယ်” ဟု ZFU/PDF-Zoland မှ တာဝန်ရှိသူ Ko Tony ပြောသည်။

သင်တန်းတွင် စစ်ရေးစစ်ရာ၊ လက်နက် အသုံးပြုနည်း၊ အမိန့်နာခံမှု၊ PDF-Zoland ၏ ပေါ်လစီများ၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စသည်များကို သင်ကြားပို့ချပေးကာ သင်တန်း အောင်မြင်ပြီးမြောက်သူများအား စစ်မြေပြင် ရှေ့တန်းအပါအဝင် ထောက်ပို့၊ ဂိတ်/ စခန်း စောင့်၊ စားဖိုဆောင်စသည်ဖြင့် အဖွဲ့အစည်း၏ လိုအပ်ချက်များအပေါ်မူတည်ကာ တာဝန်ထမ်းဆောင်ကြရမည်ဟု ၎င်းက ဆက်ပြောသည်။

မျိုးဆက်သစ်များ၏ ရှေ့ရေးကို ရှေးရှုကာ ယခုမျိုးဆက်တွင် စစ်အာဏာရှင် အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးကို အဓိကထား ကြိုးစားသွားမည့်အပြင် လာမည့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက်လည်း ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းပါဝင်ပေးကြရန် PDF-Zoland က တိုက်တွန်းထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.