(002MG)
စစ်ကိုင်းတိုင်း ကလေးမြို့၊ အ.ထ.က (၈) ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၄ နှစ်မှ ၂၁ နှစ်ရှိ ကျောင်းသား ၆ ဦးကို ကျန်းမာစွာဖြင့် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ပျောက်ဆုံးသည့် မိသားစုဝင်တစ်ဦးက ပြောသည်။
“သူတို့ပျောက်ကတည်းက မိသားစု (၃) စုလုံးလိုက်ရှာကြတယ်၊ပြီးရင် Post လဲတင်ထားတယ်ဆိုတော့ လာပြီးတော့ လည်း ဆက်သွယ်ပေးကြတယ်။ သူတို့အားလုံးကို ဘေးကင်းကင်းနဲ့ပြန်တွေ့ပါတယ်။ အခုအားလုံး အိမ်ရောက်နေ ကြပါပြီ” ဟု ပြောသည်။
ပြီးခဲ့သည်ဇွန်လ ၁၉ ရက်နေ့က ဦးအောင်သိုက် ၏သား မောင်အောင်မြင့်နိုင် (၂၁ နှစ်)၊ မောင်ကောင်း မြင့်နိုင် (၁၇ နှစ်)၊ ဦးကျော်လွင်၏ သား မောင်ကျော်ဇင်ဖြိုး (၁၅ နှစ်)၊ မောင်မားဟုန် (၁၇ နှစ်)၊ ဦးစန်း လွင်ဦး ၏သား မောင်ဇော်သူလင်း (၁၅ နှစ်) နှင့် ဦးငွန်အုပ်ထန်၏ သား မောင်ဘွေထချွ(၁၄ နှစ်) တို့သည် ကျောင်းတက်ရန်သွားခဲ့ကြသော် လည်း ကျောင်း သို့ ရောက်ရှိခြင်းမရှိသကဲ့သို့ အိမ်သို့ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့ ၆ ဦးစလုံးကို ပျောက်ဆုံးပြီး တပတ်ခန့်အကြာတွင် ကောင်းမွန်စွာပြန်လည်တွေ့ရှိကြပြီး ဖြစ်စဉ်အသေးစိတ်ကို တော့ မိသားစုဝင်များက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
စစ်ကောင်စီ၏ စစ်မှုထမ်းရန်အတွက် လူငယ်များဖမ်းဆီးမှုများထဲတွင် ပညာသင် ကြားနေဆဲ ကျောင်းသားလူငယ်များ ပါဝင်ပါက ကျောင်းသားကဒ်ရှိထားမည်ဆိုလျှင် ကျောင်း ဆရာ၊ ဆရာမများအား အကြောင်းကြားခြင်းဖြင့် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
လက်ရှိ ကလေးမြို့ပေါ်တွင်စစ်ကောင်စီသည် စစ်မှုထမ်းရန်အတွက် လူငယ်များဖမ်းဆီးမှု ဆက်ရှိ နေသောကြောင့် မိဘပြည်သူများအကြား စိုးရိမ်မှု မြင့်တက်လျှက်ရှိသည်။