Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဇန်ညက်ဒေသအတွင်း အခြားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်ခွင့်မပြုဟု ZPO/ CDF- Zanniatram ကြေညာ

ဇန်ညက်ဒေသအတွင်း အခြားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်ခွင့်မပြုဟု ZPO/ CDF- Zanniatram ကြေညာ

0
By Editor on July 10, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း ဇန်ညက် (Zanniat) ဒေသအတွင်း ပြည်သူ့လုံခြုံရေးနှင့် ဒေသခံအများပြည်သူ၏ ဘေးကင်းရေးအတွက် အခြားအမျိုးသားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်ခွင့်မပြုကြောင်း ZPO/ CDF- Zanniatram က ကြေညာသည်။

CNO/ CNDF နှင့်မဟာမိတ်များ၏ ဟွာလ်ငိုးရမ်း (Hualngoram) အကြားဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ချင်းလဲန်းကောင်စီ လွတ်မြောက်နယ်မြေများသို့ ထပ်မံချဲ့ထွင်ရန် ရည်ရွယ်နေသည်ဟု Zanniatland People’ Organization (ZPO) အဖွဲ့က ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်သည်။

ဇူလိုင်လဆန်းမှစတင်၍ CNF/ CNA ၊ HPO/ CDF – ဟွာလ်ငိုးရမ်းနှင့် CNO/CNDF တို့ကြား တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် စစ်ရေး တင်းမာမှုများ ဆက်တိုက်ဖြစ်ပွားလာနေချိန်မှာ ဖလမ်းမြို့နယ်အတွင်းရှိ ဇန်ညက်ဒေသအခြေစိုက် ZPO/ CDF – Zanniatram ကလည်း ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြည်သူလုံခြုံရေးနှင့် ဒေသခံအများပြည်သူ၏ ဘေးကင်းရေးအတွက် ရည်ရွယ်၍ အခြားအမျိုးသား လက်နက်ကိုင်အဖွဲ့များကို ဇန်ညက်နယ်မြေအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း အသိပေးလာခြင်းဖြစ်သည်။

CNO/CNDF ၏ လုပ်ရပ်များအပေါ် CNF/ CNA နှင့် မဟာမိတ်အဖွဲ့များ ဦးဆောင်သည့် လိုအပ်သော အရေးယူမှုများ အားလုံးကို ZPO/ CDF- Zanniatram က အပြည့်အဝထောက်ခံသည်ဟု ဆိုသည်။

CNO/ CNDF နှင့် မဟာမိတ်အဖွဲ့များ၏ လှုပ်ရှားမှုများသည် မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ဖျက်ရန်နှင့် ချင်းအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ဦးစားပေးမှုမရှိကြောင်း ပြသနေခြင်းဖြစ်သည်ဟု ZPO က ထုတ်ပြန်သည်။

ချင်းလဲန်းကောင်စီ၏ ပူးတွဲစစ်ရေးဖြင့် လွတ်မြောက်စေခဲ့သော ဒေသများကို တိုက်ခိုက်ပြီး ကိုယ့်အကျိုးအမြတ်အတွက် ရည်ရွယ်၍ အခွင့်အရေးကောင်းကို ရယူခဲ့ပြီး ဇန်ညက် (Zanniatram) ဒေသကို စစ်ရေး ဖိအားပေးမှုများ ပြုလုပ်နေသော အခြေအနေ သည်လည်း CNO/ CNDF ၏ နိုင်ငံရေးနှင့် စစ်ရေး ရယူလိုမှုများကို ဖော်ပြနေခြင်းဖြစ်သည်ဟု ZPO က ဆိုသည်။

ယင်းသို့သော CNO/ CNDF ၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ZPO/ CDF- Zanniatram က ထုတ်ပြန်ထားသည်။

ချင်းလဲန်းကောင်စီအဖွဲ့ဝင်များ၏ ပူးပေါင်းလှုပ်ရှားမှုဖြင့် လွတ်မြောက်ခဲ့သော ဒေသများတွင် CNO/CNDF နှင့် မဟာမိတ်များသည် ချင်းအမျိုးသားတပ်ဦး CNF/ CNA ၏ တပ်မဟာ – ၄ စခန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဆက်လက်၍ Hualngoram ဒေသကို တိုက်ခိုက်ခဲ့ကာ ဇူလိုင်လ ၅ ရက်က ရိခေါဒါရ်မြို့ကို သိမ်းယူခဲ့သည်ဟု သိရသည်။

CNF/ CNA ၏ ဦးဆောင်မှုအောက်တွင် CDF – Zanniatram သည် ချင်းပြည်နယ် အနောက်ဘက်ရှိ Rihkhawdar နှင့် Khawmawi နယ်စပ်ဒေသများရှိ စစ်ကောင်စီ စခန်းများကို ပူးတွဲစစ်ရေးတွင် ပါဝင်ခဲ့ပြီး ယင်းဒေသများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

ငေါန်မျိုးနွယ်စုများအနေဖြင့်လည်း CNO/ CNDF မှ ဖန်တီးထားသော ပဋိပက္ခများတွင် ပါဝင်ခြင်းမျိုး လုံးဝရှောင်ကျဉ်ကြရန်နှင့် ချင်းအမျိုးသားများအကြား ညီညွတ်မှု တည်ဆောက်ရေးကို ဦးစားပေးရန် CDF – Ngawnngam အဖွဲ့က ဇူလိုင်လ ၉ ရက်က ကြေညာထားသည်။

ဇူလိုင်လ ၅ ရက်က HPO/ CDF- Hualngoram ထိန်းချုပ်ဒေသ ရိခေါ်ဒါရ်မြို့ကို CNO/ CNDF မှ ထိုးစစ်ဆင်မှုသည် ချင်းအမျိုး သားများအကြား ရေရှည်စိတ်ဝမ်းကွဲမှုကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးနေခြင်းဖြစ်ပြီး စစ်ရေးတင်းမာမှုနှင့် ပဋိပက္ခကို ပြင်းထန်စေကြောင်း CDF – Ngawnngam ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.