Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»MRO/ CDF- မတူပီနှင့် မဟာမိတ်များ မိမိထိန်းချုပ်ဒေသမှာ တပ်စခန်းချခြင်းကို ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီ တောင်းဆို

MRO/ CDF- မတူပီနှင့် မဟာမိတ်များ မိမိထိန်းချုပ်ဒေသမှာ တပ်စခန်းချခြင်းကို ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီ တောင်းဆို

0
By Editor on July 14, 2025 Khonumthung

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်က မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ Chinland Defense Force – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသတွင် MRO / Chin Defense Force- မတူပီနှင့် မဟာမိတ်များက စစ်ကြောင်းထိုး၊ တပ်စခန်းချနေခြင်းကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ကြေညာသည်။

ဇူလိုင်လ ၁၀ ရက် MRO/ CDF – မတူပီနှင့် မဟာမိတ်တို့သည် အင်အားအလုံးအရင်းဖြင့် မိမိတို့ထိန်းချုပ်နယ်မြေအတွင်း ရုတ်တရက် စစ်ကြောင်းထိုးလာခြင်း၊ တပ်စခန်းချခြင်းနှင့် ရဲဘော်များကို ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်သည်ဟု CDF – မတူပီက ဇူလိုင်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။

MRO/ CDF – မတူပီနှင့် မဟာမိတ်တို့အနေဖြင့် လက်ရှိတပ်စခန်းချထားခြင်းနှင့် တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီက တောင်းဆိုသည်။

ယင်းကို မလိုက်နာပါက နောက်ဆက်တွဲပြဿနာများသည် MRO/ Chin Defense Force – မတူပီ၏ တာဝန်သာဖြစ်ပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း Chinland Defense Force – မတူပီထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက်က ဖမ်းဆီးခံထားရသော Chinland Defense Force – မတူပီ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၁ ရက် ညပိုင်းက ပြန်လွတ်လာပြီဟု သိရသည်။

MRO/ Chin Defense Force – မတူပီ၏ လုပ်ရပ်များသည် မတ်လ ၂၀ ရက် စောင်ထီယားကျေးရွာမှာ သဘော တူညီချက် အပိုဒ် ၁- ခ မိမိတို့ ထိန်းချုပ်တပ်စွဲသည့် ရှိယင်းစွဲ နေရာမှ ရှေ့ဆက်မတိုးရန် ဟူသော အချက်ကို ချိုးဖောက်သည်ဟု Chinland Defense Force – မတူပီက ဆိုသည်။

ထို့အပြင် မေလ ၁၀ ရက်က ထန်ပိန်းကျေးရွာတွင် ဘာသာရေး ခေါင်းဆောင်များ ပါဝင်သော ငြိမ်းချမ်းရေးကော်မတီမှတဆင့် တွေ့ဆုံသည့် သဘောတူညီချက်ဖြစ်သော နှစ်ဖက်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အချင်းချင်း လေးစားစွာ ဆောင်ရွန်ရန် ဟူသော အချက်ကိုလည်း ချိုးဖောက်နေသည်ဟု Chinland Defense Force – မတူပီက အသိပေးသည်။

MRO/ Chin Defense Force – မတူပီ၏ လုပ်ရပ်များသည် လက်ရှိဖော်ဆောင်နေသာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရပ်တန့်စေနိုင်ပြီး နှစ်ဖက်စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့်အပြင် အရပ်သားပြည်သူများအတွက် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်ဟု CDF – မတူပီက သတိပေးထုတ်ပြန်သည်။

ချင်းပြည်အတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ ပိုမိုမကြီးထွားစေရန် ကြိုးပမ်းနေသည့်အပြင် မတူပီနယ်အတွင်း ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ ပြေလည်နိုင်စေရန် ဘာသာရေးခေါင်ဆောင်များ၏ ကြားဝင်စေ့စပ် ညှိနှိုင်းမှုများ အပေါ် အခြေခံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်စေရန် ကြိုးပမ်းနေသည်ဟု Chinland Defense Force – မတူပီ ထံမှ သိရသည်။

မတူပီမြို့နယ်ထဲက လက်ရှိဖြစ်စဉ်နှင့်ပတ်သက်၍ MRO/ Chin Defense Force – မတူပီနှင့် Chinland Defense Force – မတူပီအဖွဲ့များထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

ဇူလိုင်လ ၁၀ ရက် ညနေ ၆ နာရီခန့်က မတူပီမြို့နယ်၊ မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ Chinland Defense Force – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသကို MRO/ Chin Defense Force – မတူပီနှင့် မဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်က စစ်ကြောင်းထိုးလာပြီး တပ်စခန်းချခြင်း၊ တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခြင်းများ ပြုလုပ်သည်ဟု Chinland Defense Force – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောဆိုထားသည်။

Chinland Defense Force – မတူပီသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်ပြီး MRO/ Chin Defense Force – မတူပီသည် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည်၊ ၎င်းတို့သည် မတူမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ရေး၊ နိုင်ငံရေး သဘေားထားကွဲလွဲမှုကြောင့် နှစ်ဖွဲအဖြစ်သို့ ပြိုကွဲသွားခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့မှသည် စစ်မိစ္ဆာများ၏ မတရားချုပ်နှောင်မှုမှ အမြန်ဆုံးလွတ်ပါစေဟု ချင်းပြည်အစိုးရအဖွဲ့ မွေးနေ့ဆုတောင်းပေးပို့

Kalay UG အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးမြို့မှာ အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး၊ စစ်သုံ့ပန် ၃ ဦး ဖမ်းမိ

ကလေးမြို့က စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကိုသူရိန်ဇင် ပြင်းထန်အဖျားရောဂါကြောင့် ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.