တော်လှန်ရေးအတွင်း ကိုင်ဆီးတပ်ရင်းမှ ရဲဘော် ၇ ဦး၊ ဒေသခံပြည်သူ ၆ ဦး ကျဆုံးဟုဆို
(006SV)
မတူပီမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် လမ်းမကြီး နှစ်ခုပေါ်တွင် စစ်ရေးလှုပ်ရှားသည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း – ၃ (ကိုင်ဆီးတပ်ရင်း) သည် တော်လှန်ရေးကာလအတွင်း ရဲဘော် ၇ ဦး၊ ဒေသခံပြည်သူ ၆ ဦး ကျဆုံးသည်ဟု သိရသည်။
တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း ကိုင်ဆီးတပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၄ ဦးတို့လည်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရပြီး ဒေသခံပြည်သူများ၏ အိုးအိမ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုနှင့်အတူ ကျေးရွာ စွန့်လွှတ်ရသည်အထိရှိသည်ဟု ကိုင်ဆီးတပ်ရင်းက ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်သည်။
တပ်ရင်း – ၃ သည် မတူပီ- ပလက်ဝ ပြည်ထောင်စုလမ်းနှင့် မတူပီ- လိုင်လင်းပီ လမ်းမများတွင် လုံခြုံရေးတာဝန်ယူရင်း မြို့နယ်အတွင်းသာမက ချင်းပြည်ချင်းလဲန်း၏ စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ကြောင်းတိုက်ပွဲများတွင် အကြိမ်ပေါင်းများစွာ ပါဝင်တိုက်ခိုက်သည်ဟု သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က ထိန်းချုပ်နယ်မြေ ထယ်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ဝီဘေားခ် (Vui Baawk) စစ်ဆင်ရေးဖြင့် မဟာမိတ်တပ်ဖွဲ့များဖြင့် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။
ကိုင်ဆီးတပ်ရင်းကို မတူပီမြို့နယ်၊ ဒုမ်းဇုံနယ် (ကိုင်းဆီး၊ လုံပဲလ်၊ ကောင်လောင်၊ စင်ကီ) တောင်ကျောရှိ ကျေးရွာအလိုက် လူငယ်များက ဇူလိုင်လ ၁၄ ရက်တွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း – ၃ ဖြင့် စတင်ဖွဲ့စည်း၍ စစ်အာဏာရှင်ကို တွန်းလှန်နေသည်ဟု သိရသည်။
အာဏာရှင်အမြစ်ပြတ် ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူများမှ ထောက်ခံသော ပြည်သူ့အစိုးရ လက်အောက်တွင် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်သောကြောင့် ပြည်သူများဆက်လက်ထောက်ပို့ ဝန်းရံပေးကြရန် ထုတ်ပြန်သည်။
မတူပီမြို့နယ်က မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ Chinland Defense Force – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသ တွင် MRO / Chin Defense Force- မတူပီနှင့် မဟာမိတ်များက စစ်ကြောင်းထိုး၊ တပ်စခန်းချနေခြင်းကို အမြန်ဆုံးပြန် လည်ရုတ်သိမ်းပေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဇူလိုင်လ ၁၃ ရက်က ကြေညာထားသည်။