Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က Dapchhuah စစ်ဘေးရှောင်စခန်း အရေးပေါ်အကူအညီလိုအပ်နေ

မီဇိုရမ်ပြည်နယ်က Dapchhuah စစ်ဘေးရှောင်စခန်း အရေးပေါ်အကူအညီလိုအပ်နေ

0
By Editor on July 24, 2025 Khonumthung

(004SS)

မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်၊ Dapchhuah ကျေးရွာက ချင်းစစ်ဘေးရှောင်စခန်းက သောက်သုံးရေ သွယ်ယူသော ရေပိုက်များ ပျက်စီးသွားသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“အဓိကတော့ ရေပိုက်တွေ ဆုံးရှုံးနစ်နာမှုရှိတယ်။ ဘာလို့လဲ ဆိုတော့ ရေပိုက်တွေ အကုန်လုံး အဲဒီချောင်းမှာပဲ သွယ်ထား တာဆိုတော့လေ။ သောက်ရေတွေ လုံးဝမလုံမလောက်ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ပိုက်တွေလဲ အကုန်ပါသွားပြီ ဆိုတော့ လေ။ နေအိမ်တွေကတော့ မြေစာပိတာရှိတယ်။ လူထိခိုက်တာ၊ နေအိမ်ပျက်ဆီးဆူံရှုံးတာတော့ မရှိဘူး။ အဲဒီမြေစာတွေ ဖယ်ထုတ်နိုင်မယ်ဆိုရင် ပြန်နေထိုင်လို့ရမဲ့ အနေအထားရှိပါတယ်” ဟု Dapchhuah စစ်ဘေးရှောင်စခန်း ဉက္ကဌ ဆလိုင်းပေါလ်ထန်းက ပြောသည်။

ပြီးခဲ့သည့် စနေ နှင့် တနဂ်နွေနေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် Dapchhuah ကျေးရွာစစ်ရှောင်စခန်းအနီးတွင် မြေပြိုခြင်း၊ စမ်းချောင်း‌ရေလျှံခြင်း၊ ရေပိုက်များ ပျက်စီးခြင်း နှင့် စစ်ရှောင်စခန်း လူနေအိမ်များအတွင်း မြေစာများ ဝင်ရောက်ခြင်းများ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

လက်ရှိတွင် နေအိမ်များနှင့် လမ်းများပေါ်ရှိ မြေစာပုံများကို JCB စက်ဖြင့် အမြန်ဖယ်ရှားရန် လိုအပ်နေပြီး လူအင်အားဖြင့် ဖယ်ရှားရန် မဖြစ်နိုင်ကြောင်း၊ သောက်သုံးရေပြန်လည်ရရှိ‌ရေးအတွက် ၁ လက်မရှိ ရေပိုက် (မီတာ ၃၀ ရှည်) ၃ ခွေလိုအပ် ကြောင်း၊ ၎င်းအတွက် အနည်းဆုံး ရူပီး ၂၀,၀၀၀ ခန့်လိုအပ်မည်ဟု သိရသည်။

လက်ရှိတွင် စခန်းအနီးရှိ အခြားသော စမ်းချောင်းငယ်တစ်ခုမှ ဖော်ထုတ်၍ရသော ရေပိုက်‌တိုများ ဆက်ကာ သောက်သုံး‌ ရေကို အလှည့်ကျပေးဝေနေရကြောင်းလည်း သိရသည်။

“အခုက ကျွန်တော်တို့ အဲဒီချောင်းကို တိုက်ရိုက်မသွယ်တော့ဘဲနဲ့ ကျွန်တော်တို့ camp နားလေးမှာ စမ်းချောင်းတစ်ခု ရှိတယ်။ အဲဒါကိုရှိတဲ့ ပိုက်တွေ အကုန်ဆက်ဆက်ပြီးတော့ ဟိုဘက် ၁၀ အိမ်ကို တစ်လှည့် ဒီဘက် ၁၀ အိမ်တစ်လှည့် အဲလိုနဲ့ လောလောဆယ် ဝေကြတာပေါ့” ဟု Dapchhuah စစ်ဘေးရှောင်စခန်း ဉက္ကဌ ဆလိုင်းပေါလ်ထန်းက ပြောသည်။

စစ်ရှောင်ပြည်သူများသည် မြေစာများအား တတ်နိုင်သမျှ ဝိုင်းဝန်းဖယ်ထုတ်ခဲ့ကြကာ ယခုတွင် ပြန်လည်နေထိုင်နိုင်ကြပြီဟု သိရသည်။

Dapchhuah စစ်ဘေးရှောင်စခန်းတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင် အိမ်ခြေ ၂၄ အိမ်၊ လူဦးရေ ၁၀၀ ကျော် နေထိုင်လျက်ရှိကာ နေထိုင်‌ရေးအခက်အခဲများအပြင် အခြေခံစားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ZCDF- Zo Army ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း

အမဲလိုက်ရာမှ သားကောင်ဟု အထင်မှားပစ်ခတ်မိ၍ ချင်းအမျိုးသားတစ်ဦး သေဆုံး

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 13, 2026

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

November 13, 2026

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

November 13, 2026

ZCDF- Zo Army ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း

November 12, 2026

၃ နှစ်ကျော်စစ်ရှောင်သော စက္ကန့်ကျေးရွာပြည်သူတချို့နေရပ်ပြန်၊ နေအိမ်အများစုမီးလောင်ပြာကျသည့်အတွက် ယာယီတဲထိုးကာ နေထိုင်ကြရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.