Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နတ်ရေကန်တောင်ခြေ ကာကင်းစခန်း တိုက်ပွဲမှာ CDF – အရှို ရဲဘော် ၁ ဦးကျဆုံး

နတ်ရေကန်တောင်ခြေ ကာကင်းစခန်း တိုက်ပွဲမှာ CDF – အရှို ရဲဘော် ၁ ဦးကျဆုံး

0
By Editor on October 30, 2025 Khonumthung

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ် – အရှိုက ရဲဘော်တစ်ဦး ကျဆုံးသွားသည်ဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်က နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်စဉ် ရှေ့တန်းတစ်နေရာတိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းအာရှယ်ပါသည် ကျဆုံးရခြင်းဖြစ်သည်ဟု CDF – အရှိုမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

“နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း ထိုးစစ်ဆင် တိုက်ပွဲမှာ ကျတာပါ” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

ရဲဘော် ဆလိုင်းအာရှယ်ပါသည် တော်လှန်ရေး ရဲဘော်ကောင်း တစ်ဦးဖြစ်သောကြောင့် ယခုလို ဆုံးရှုံးမှုသည် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်သကဲ့သို့ ပေးအပ်လာသော အမိန့်နှင့် တာဝန်ကို အသက်နှင့် ခန္ဓာစွန့်၍ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုက များစွာ ဂုဏ်ယူမိပါသည်ဟု ထုတ်ပြန်သည်။

ဆက်လက်ပြီး အပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များကို CDF – အရှိုက ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကျဆုံးရဲဘော်၏ ဝိညဉ်ရှေ့မှောက်တွင် ကတိစ္စာပြုသည်ဟု ထုတ်ပြန်ထားသည်။

နတ်ရေကန်ဗျူဟာကုန်းရှိ စစ်ကော်မရှင်တပ်များ၏ အနည်းငယ် ကျန်ရှိနေရာတချို့ကို အာရက္ခတပ်တော် ULA/ AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့နှင့် တော်လှန်ရေးတပ်တို့သည် နေရာတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု အောက်တိုဘာလ ၁၇ ရက်မှာ ULA/ AA က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ မတရား စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသောသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်၍ အချိန်မရွေး လက်နက်ချ အလင်းဝင်ရောက်နိုင်ပါကြောင်း ULA/AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.