Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး
ဓါတ်ပုံ - ချင်းတော်လှန်ရေး ရဲဘော်များ

တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး

0
By Editor on November 28, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇောင်ကောင်ရွာတွင် ယာယီတပ်စွဲထားသော ချင်းတော်လှန်ရေးတပ်ဖွဲ့သည် ဖလမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်၏ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းတော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးရသည်ဟု သိရသည်။

နိုဝင်ဘာလ ၂၆ ရက် မနက် ၃ နာရီခန့်တွင် သိုင်းငင်းရွာမှ ဆုတ်ခွာထားရသော CDF – CDM Siyin တပ်ဖွဲ့သည် ဇောင်ကောင်ရွာဝန်းကျင်တွင် နေရာယူထားစဉ် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းပြီး စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု CDF – CDM Siyin တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒီကီက ပြောသည်။

“၂၆ ရက်နေ့ နံနက် ၃ နာရီလောက်မှာ အလုံးခံရတဲ့ တိုက်ပွဲမှာပါ။ သူတို့က အင်အားအလုံးအရင်းနဲ့ ဇောင်ကောင်ကို ဝိုင်းလာပြီး ပစ်ကြတာပါ။ အဲဒီနေရာမှာ ကျနော်တို့ ရဲဘော် ၄ ယောက်က ပါသွားပါတယ်။ တီးတိန်ကနေ ထွက်လာတဲ့ စစ်ကြောင်းက သိုင်းငင်း ရောက်တဲ့အခါမှာ ကလေးကနေ တက်လာတဲ့ မွာလ်ပီးမှာ သောင်တင်နေတဲ့ စစ်ကြောင်းက သိုင်းငင်းကို ပေါင်းလာပြီးတော့မှ အဲဒီကနေ ဖလမ်းဘက်ကို တဖြည်းဖြည်းချင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။ ကျနော်တို့က လောလောဆယ် ယာယီသိုင်းငင်းကနေ ဆုတ်ရတဲ့အချိန်မှာ ကျနော်တို့က ဇောင်ကောင်ရွာဝန်းကျင်မှာ ခဏ နေရာယူတာပေါ့နော်”ဟု ဆလိုင်း ဒီကီက ပြောသည်။

ကျဆုံး ရဲဘော်များ၏ အလောင်းကို ပြန်လည် ရယူနိုင်ခြင်း မရှိသေးကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်က ဇောင်ကောင်၊ ဘားလုံနှင့် New Sung Pi ရွာတွေဘက်ကို စစ်ကော်မရှင်တပ်က Y – 12 ဖြင့် လေကြောင်းတိုက်ခိုက်မှု တချို့ ရှိခဲ့ပြီး ကလေးမြို့မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုတချို့ ရှိသည်ဟု သိရသည်။

နိုဝင်ဘာလ ၂၃ ရက်က သိုင်းငင်းအနီး တဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ပြီး နိုဝင်ဘာလ ၂၄ ရက်မှ စတင်၍ သိုင်းငင်းမှ ဖလမ်းမြို့ဘက်ကို ဦးတည်၍ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့ဘက်ကို ဦးတည်လာနေသော သိုင်းငင်းမှ စစ်ကော်မရှင်စစ်ကြောင်းနှင့် ဝေဘူလမြို့မှ စစ်ကော်မရှင် စစ်ကြောင်းများကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေရာ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအမျိုးသားတက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေ

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

အိန္ဒိယနိုင်ငံရှိ UNHCR ၏ လုပ်ငန်းစဉ်များ အားကောင်းစေရန် ဒုက္ခသည်များအား RMS စစ်တမ်းကောက်ယူမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.