Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယနိုင်ငံရှိ UNHCR ၏ လုပ်ငန်းစဉ်များ အားကောင်းစေရန် ဒုက္ခသည်များအား RMS စစ်တမ်းကောက်ယူမည်

အိန္ဒိယနိုင်ငံရှိ UNHCR ၏ လုပ်ငန်းစဉ်များ အားကောင်းစေရန် ဒုက္ခသည်များအား RMS စစ်တမ်းကောက်ယူမည်

0
By Editor on November 27, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား နှစ်ပါတ်ကြာ ရလဒ်များ စောင့်ကြည့်လေ့လာရေး (Results Monitoring Survey – RMS) RMS စစ်တမ်းကောက်ယူမည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာသည်။

RMS စစ်တမ်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို UNHCR ၏ မိတ်ဖက်ဖြစ်သည့် SATTVA Consulting က အဓိကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ဖြန်မှစ၍ ၂ ပါတ်ကြာ ကောက်ယူသွားမည် ဖြစ်သည်။

UNHCR ၏ လုပ်ငန်းစဉ် အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် RMS စစ်တမ်းကို ကောက်ယူခြင်းဟု သိရပြီး ၎င်းတို့ပေးအပ်ခဲ့သော အကူအညီ/ ဝန်ဆောင်မှုများအပေါ် အိန္ဒိယနိုင်ငံတစ်ဝန်းရှိဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်း ခံသူများ၏ တုန့်ပြန်မှု (feedback) များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မေးမြန်းသွာ မည်ဟု ကြေညာထားသည်။

UNHCR ဘက်မှ စစ်တမ်းတွင် ပါဝင်ဖြေကြားရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်များကို ကျပန်းရွေးချယ်သွားမည်ဟု သိရသည်။

ထို့အပြင် ဒုက္ခသည်များအနေဖြင့် စစ်တမ်းတွင် ပါဝင်ရန် ငြင်းပယ်ပိုင်ခွင့် အပြည့်အဝရှိသလို ဖြေဆိုသူများ၏ လျှို့ဝှက်ချက်များကိုလည်း အပြည့်အဝထိန်းသိမ်းရန် အာမခံပေးထားကြောင်း အလေးပေးဖော်ပြထားသည်။

UNHCR နှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများမှ ပေးအပ်သော ဝန်ဆောင်မှုအားလုံးသည် အခမဲ့ ဖြစ်ပြီး မလျော်ကန်သော အပြုအမူများ (ငွေကြေးတောင်းခံခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ) ကြုံတွေ့ရပါက indne@unhcr.org သို့မဟုတ် UNHCR / မိတ်ဖက်အဖွဲ့အစည်းများထံ ချက်ချင်း အကြောင်းကြားတိုင်ကြားရန်လည်း တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.