Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»NUG အစိုးရအဖွဲ့မှ ဒေါက်ဆာဆာ နုတ်ထွက်

NUG အစိုးရအဖွဲ့မှ ဒေါက်ဆာဆာ နုတ်ထွက်

0
By Editor on November 27, 2025 Headline

(006SV)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာ ဆာဆာသည် အစိုးရအဖွဲ့မှ နုတ်ထွက်ရန် တင်ပြထားကြောင်း NUG အစိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒေါက်တာ ဆာဆာအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ဌာန ပြည်ထောင်စု ဝန်ကြီးတာဝန်ကနေ နှုတ်ထွက်ဖို့ တင်ပြထားတာ ရှိပါတယ်။ ဒီနှုတ်ထွက်မှုကို NUG ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲတော့ NUG ပြုပြင်ပြောင်းလဲရေးကတော့ on the process ပေါ့နော်၊ လုပ်ငန်းစဉ်ထဲ လုပ်ကိုင်ဆောင်ရွက်နေတုန်းပဲ ရှိတဲ့အတွက်ကြောင့် ဒီလုပ်ငန်းစဉ် ပြီးဆုံးတဲ့ အချိန်ကြရင်တော့ သက်ဆိုင်ရာ အစုအဖွဲ့ကနေ အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။

NUG အစိုးရက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော အစိုးရသစ်အဖွဲ့တွင် ဒေါက်တာ ဆာဆာသည် ပါဝင်တော့မည် မဟုတ်ကြောင်း သိရသည်။

NUG အစိုးရအဖွဲ့ထံသို့ နုတ်ထွက်စာကို စက်တင်ဘာလကတည်းက ဒေါက်တာဆာဆာက တင်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ခေါ်နုမ်းသုန်အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပါ။

NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၁၇ ခု ဖွဲ့စည်းထားပြီး ဝန်ကြီး ၁၆ ဦးနှင့် ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် လည်ပတ်ဆောင်ရွက်နေရာ နွေဦးတော်လှန်ရေး ၅ နှစ် ရှိလာချိန်တွင် NUG အစိုးရအဖွဲ့ကို ကျစ်လစ်စွာ ပြန်လည် ဖွဲ့စည်းနိုင်ရေးအတွက် ဝန်ကြီးဌာနတချို့ကို ဦးစီးဌာနများအဖြစ် ပြင်ဆင်ပြောင်းလဲ၍ ပူး‌ပေါင်းဖွဲ့စည်းမည်ဟု သိရသည်။

လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့သည် ဦးစီးဌာနအဖြစ် ပြောင်းလဲပြီး ဖျက်သိမ်းခံရမည့် ဝန်ကြီးဌာနများအဖြစ် သတင်းများ ထွက်ပေါ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.