Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CB နှင့် ICNCC ထံစေလွှတ်သောကိုယ်စားလှယ်များကို CDF – ကန်ပက်လက်က ယာယီရုပ်သိမ်း

CB နှင့် ICNCC ထံစေလွှတ်သောကိုယ်စားလှယ်များကို CDF – ကန်ပက်လက်က ယာယီရုပ်သိမ်း

0
By Editor on December 23, 2025 Headline

(006SV)

ချင်းညီနောင် (CB) နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ထံ စေလွတ်ထားသော ကိုယ်စားလှယ်တချို့ကို ယာယီရုပ်သိမ်းကြောင်း သိရသည်။

ဒီဇင်ဘာလ ဒုတိယပတ်ထဲတွင် ပြုလုပ်သော ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအစည်းအဝေးတွင် ရှေ့လုပ်ငန်း စဉ်များ ဆွေးနွေးခြင်းနှင့်အတူ CB နှင့် ICNCC တွင် ကိုယ်စားလှယ်ရုပ်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။

“CB ရယ်၊ ICNCC ရယ် ကိုယ်စားလှယ်တွေက မြို့နယ်ညီလာခံကနေ တာဝန်ပေးခြင်း ခံထားရသူတွေ ဖြစ်တယ်။ အဲဒီကနေ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားပြီးမှ ICNCC၊ CB မှာ ပါဝင်ကြတာဖြစ်တဲ့အတွက် ကျနော်တို့ ကိုယ်စားလှယ်တွေကို တချို့တွေကို အစည်းအဝေးနဲ့ ရုပ်သိမ်းတာတော့ ရှိမယ်။ ICNCC ကနေ ချင်းညီနောင်ကနေ ကျနော်တို့ နှုတ်ထွက်တာတော့ မဟုတ်ပါဘူး” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ဆလိုင်းပီတာသန်းရွှေက ပြောသည်။

ချင်းညီနောင် (CB) နှင့် ICNCC တို့တွင် ကန်ပက်လက်အခြေစိုက် CDF – ကန်ပက်လက်က နုတ်ထွက်ခြင်း မရှိကြောင်း၊ တော်လှန် ရေး အရွေ့ခရီးပေါက်ရန် ယခုထက် ပိုအားကောင်းသည့် တပ်ပေါင်းစု ဆက်လက်ဖွဲ့စည်းပြီး ရပ်တည်ရန် လိုအပ်ကြောင်း ဆိုသည်။

CDF – ကန်ပက်လက်သည် CB နှင့် ICNCC မှ နုတ်ထွက်သည်ဟူ၍ သတင်းများ ထွက်ပေါ်နေခြင်းသည် သတင်းမှားသာဖြစ်ကြောင်း CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျနော်တို့ ချင်းညီနောင်ကို တည်ဆောက်တာကလည်း ရဲဘော်တွေရဲ့ ဘဝတွေ၊ အသက်တွေ များစွာနဲ့ ပေးဆပ်ပြီးမှ တည်ဆောက်ကြရတာဖြစ်တဲ့အတွက် ကျနော်တို့ အဲလိုမျိုး နှုတ်ထွက်လို့လည်း မရဘူး။ ပိုပြီးတော့မှ အားကောင်းလာကောင်း၊ အရွေ့ဖြစ်အောင် ကြိုးစားဖို့ ဖြစ်တယ်။ ကျနော်တို့ နွေဦးတော်လှန်ရေး အရွေ့ခရီးပေါက်ဖို့ ဆိုရင် ဒီထက် အားကောင်းတဲ့ တပ်ပေါင်းစုတွေ ဆက်လက်ပြီးမှ ဖွဲ့နိုင်ဖို့မှ ဆက်လက်ရပ်တည်ဖို့ ကြိုးစားဖို့ လိုမှာဖြစ်ပါတယ်။ ကျနော်တို့ တစုတဖွဲ့ထဲ အနေနဲ့က အလုပ်မဖြစ်ပါဘူး။ ကျနော်တို့ တော်လှန်ရေး အရွေ့တစ်ခု အောင်မြင်ဖို့အတွက်ဆိုရင် ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တပ်ပေါင်းစုအနေနဲ့ သွားနိုင်မှ အဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ဆလိုင်းပီတာသန်းရွှေက ပြောသည်။

CDF – ကန်ပက်လက်သည် အခွန်ကိစ္စနှင့်ပတ်သက်၍လည်း “One Budget” အဖြစ် သွားနိုင်ရန် ဆောင်ရွက်နေပြီး အခွန်ကိစ္စကို အခွန်ဌာနတစ်ခုတည်းက ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအတွက် အခွန်စည်းမျဉ်းများ ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်ဒေသအတွင်း အခွန်များအားလုံးကို ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

“အခွန်တွေကိစ္စနဲ့ပတ်သက်လို့ မြို့ကတော့တစ်ခုထဲ ကောက်ဖို့ one budget နဲ့သွားဖို့ လုပ်ပြီးသားဖြစ်ပါတယ်။ တဖြည်းဖြည်းချင်း အကောင်အထည်ဖော်ရမှာဖြစ်တယ်။ ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုတာထက် အခွန်ဌာနတစ်ခုကို လိုအပ်ရင် ဖွဲ့ပြီး အခွန် စည်းမျဉ်းတွေ ရေးဆွဲဖို့ လိုတယ်။ အခွန်ဌာနတစ်ခုမှာ စီးဆင်းဖို့ လိုတယ်။ အခွန်ဌာနကို မလုပ်နိုင်သေးရင်တောင်မှ တဖွဲ့ထဲမှာ ဝင်ရမယ်။ one budget အဖြစ် လုပ်ပြီးတော့မှ ကာကွယ်ရေးရော၊ အုပ်ချုပ်ရေးကော ကျန်တဲ့ ဌာနဆိုင်ရာတွေကို ဝင်ရမယ်ဖြစ် တယ်။ ဒါကို တဖြည်းဖြည်းချင်နဲ့ အကောင်အထည် ဖော်ရမှာဖြစ်တယ်” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ဆလိုင်းပီတာသန်းရွှေက ပြောသည်။

ကန်ပက်လက်တော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေးကာလအတွင်း မြို့နယ်၏ အကြွေးများအားလုံးကို အုပ်ချုပ်ရေး၊ ကာကွယ်ရေးမှ ပူးပေါင်းတာဝန်ယူ ဖြေရှင်းသွားမည်ဟုလည်း သိရသည်။

တော်လှန်ရေး ၅ နှစ်နီးပါး ရှိလာချိန်တွင် ချင်းတော်လှန်ရေးအင်အားစုများသည် လက်ရှိမှာ စုဖွဲ့မှုများ အပါအဝင် တော်လှန်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာစေရန် ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်ကုန်ပိုင်းက ကန်ပက်လက်မြို့နယ်ကို CDF – ကန်ပက်လက်နှင့် မဟာမိတ်တို့က အပြီးသတ် သိမ်းယူပြီးနောက် အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.