ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တစ်နေရာကို ယနေ့ ခရစ္စမတ်နေ့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် မင်းတပ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူနေ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့နယ်အတွင်း ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလများတွင် လူစုလူဝေးဖြင့် ပွဲလမ်းသဘင် ကျင်းပခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်က အသိပေးထုတ်ပြန်ထားသည်။

