Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

0
By Editor on January 6, 2026 Headline

⏹️စစ်ကော်မရှင်မှ ၈ ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်အဖြစ် ၂ ဦးဖမ်းဆီးရမိ

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khuangli ရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့က ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှု များပြားကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၅ ရက် Khuangli ရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ကို ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ မနက် ၆ နာရီမှ ၁၀ နာရီခန့်အထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားသည်ဟု သိရသည်။

“မနေ့က မနက် ၆ နာရီကနေ ၁၀ နာရီ ခွန်လီရွာမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဓိကက ကျနော်တို့က သူတို့ကို ထိုးစစ်ဆင်တာပါ။ သူတို့ရှိတဲ့ နေရာကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာပါ။ ဂျက်ဖိုက်တာနဲ့က ၂ ကြိမ်လာပြီးတော့ ဗုံး ၆ လုံးလောက် လာကြဲသွားတယ်။ ဒါပေမယ့် တော်လှန်ရေးသမားတွေကတော့ ထိခိုက်တာ မရှိပေမယ့် အဲဒီ ခွန်လီရွာက အိမ်တော်တော်များများက အိမ်မီးလောင် ပျက်စီးတာ ရှိတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက Salai Nai John Kim က ပြောသည်။

ထိုးစစ်ဆင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာသူလည်း များကြောင်း၊ စစ်သုံ့ပန်း ၂ ဦးကိုလည်း ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

လက်နက်ကြီးတချို့နှင့် လက်နက်ငယ် ၁၀ လက်အပါအဝင် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိသည်ဟု Salai Nai John Kim က ပြောသည်။

ဇန်နဝါရီလ ၃ ရက်ကလည်း Khuangli ရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သည် ဖလမ်းသို့ စစ်ကြောင်း ထိုးဝင်ရန် ကြိုးစားသောကြောင့် ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကော်မရှင်တပ်မှ ၅ ဦးသေဆုံး၊ စစ်သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိသော Khuangli ရွာတွင် တပ်စွဲထားသည်မှာ တစ်လဝန်း ကျင်ရှိနေပြီးဖြစ်ကာ ၎င်းစစ်ကြောင်းတွင် အင်အား ၂၀၀ မှ ၃၀၀ ကျော်အထိ ရှိနေပြီး ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု သိရသည်။

Khuangli ရွာတွင် ရောက်နေသော စစ်ကော်မရှင်စစ်ကြောင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲတွင် ကလေးမြောက် ပိုင်းမှတဆင့် သိုင်းငင်းသို့ စစ်ကြောင်းထိုးလာပြီး ယင်းမှ ဖလမ်းမြို့ အနောက်မြောက်ကနေ ဖလမ်းမြို့ကို ဦးတည် လာနေခြင်းဖြစ်သည်ဟု သိရသည်။

ကလေးမြို့တောင်ပိုင်း- ဝေဘူလမြို့မှ ဖလမ်းမြို့အနောက်တောင်ကနေ ဖလမ်းမြို့ကို ဦးတည်၍လည်း စစ်ကော်မရှင်တပ်သည် အင်အား၂၀၀- ၃၀၀ ခန့်ဖြင့်လည်း စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.