Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

0
By Editor on January 8, 2026 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်မှာ တကျော့ပြန် တပ်စွဲလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းပူး ပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဖမ်းဆီးရမိပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတယ်လို့ သိရသည်။

တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ စစ်ရေးအရ အချက်အချာကျသော ကနေဒီတောင်ပေါ်မှ စစ်ကောင်စီစခန်းကို ချင်းညီ နောင်အဖွဲ့ဝင် PDF- Zoland နှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF- CDM Siyin ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဇန်နဝါရီလ ၄ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“ကနေဒီကိစ္စကတော့ ချင်းညီနောင်၊ PDF Zoland ဦးဆောင်ပြီးမှ ပူးပေါင်းတပ်အနေနဲ့ CDM CDF – Siyin က ပူးပေါင်းတယ်။ ဗိုလ်မှူး ၁ ယောက်အပါအဝင် စစ်သုံ့ပန် ၂၀ ဖမ်းဆီးရမိတယ်။ ရန်သူသေတာက ၁၀ လောင်းကျော်တယ်။ ကနေဒီတိုက်ပွဲ ဖြစ်စဉ်မှာပေါ့နော်” ဟု PDF – Zoland စစ်ဦးစီးချုပ် ဂီဒွန်က ပြောသည်။

ကနေဒီတောင်တိုက်ပွဲတွင် လက်နက်ငယ် ၃၀ ကျော်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက ကနေဒီတောင်ပေါ်ရှိ စစ်ကော်မရှင်စခန်းကို ချင်းညီနောင်ပူးပေါင်းတပ်က တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကော်မရှင်တပ် တကျောပြန်၍ ကနေဒီတောင်ပေါ်တွင် တပ်စွဲ နေရာယူခဲ့ရာမှ ဒီဇင်ဘာလ စတုတ္ထပတ်ထဲမှာ PDF- Zoland နှင့် CDF CDM – Syin က ပူးပေါင်း၍ စတင်တိုက်ခိုက်ကာ သိမ်းပိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော် မြင့်မားသည့် ကနေဒီတောင်ပေါ်မှ စစ်တပ်စခန်းမှာ စစ်ရေးအရ အချက်အချာကျသည့် နေရာတစ်ခုဖြစ်သောကြောင့် အာဏာသိမ်း ၅ နှစ်တာအတွင်း စစ် ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တွေကြာ အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်ခြင်းများ ဖြစ်ပွားနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.