Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တောင်ပေါ်မြေပြန့် တန်းတူညီမျှမှု ရှိသော ပြည်ထောင်စု ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု CDF – အရှိုကြေညာ

တောင်ပေါ်မြေပြန့် တန်းတူညီမျှမှု ရှိသော ပြည်ထောင်စု ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု CDF – အရှိုကြေညာ

0
By Editor on January 22, 2026 Khonumthung

(006SV)

တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတမှု ရှိသည့် နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်ရေးနှင့် တန်းတူညီမျှမှု ရှိသော ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာ သည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ကြေညာသည်။

ချင်းကာကွယ်ရေးတပ် – အရှို တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၂၁ ရက်က သဘောထား ထုတ်ပြန်ချက်တွင် ကြေညာခြင်းဖြစ်သည်။

CDF- အရှို၏ တော်လှန်ရေး ၃ နှစ်တာ ခရီးတွင် ပြည်တွင်း ပြည်ပရှိ တော်လှန်ပြည်သူများ၏ ပံ့ပိုးဝန်းရံမှုများကြောင့် စစ်ဆင်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဖော်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် အထောက်အကူပြုသည့် တပ်ဖွဲ့တစ်ခုအဖြစ် အခိုက်အမာရပ်တည်သွားမည်ဟု CDF – အရှို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေတ်အဆက်ဆက်မှ ယနေ့ နွေဦးတော်လှန်ရေးအထိ စစ်အစိုးရ၏ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများအပေါ် သွေးခွဲ အုပ်ချုပ်မှုများ၊ ဖိနှိပ်မှုများနှင့် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကိုလည်း ကွန့်ကွက်ရှုတ်ချသည်ဟု သိရသည်။

လက်ရှိတော်လှန်ရေးကာလ စစ်ကော်မရှင်တပ်၏ အရပ်သားပစ်မှတ်ဖြစ်သော စစ်ဆင်ရေးများကြောင့် အသက်ခန္ဓာနှင့် အိုးအိမ် ဆုံးရှုံးပြီး နေရပ်စွန့်ခွာကြရသော ပြည်သူတစ်ရပ်လုံးနှင့် ထပ်တူထပ်မျှ ရပ်တည်ခံစားရပါကြောင်း အလေးအနက်ဖော်ပြလိုပါသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။

CDF – အရှို၏ စစ်ဆင်ရေးများတွင် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို စွန့်လွှတ် ပေးဆပ်ခဲ့ရသော တော်လှန်ရေး ရဲဘော် အာဇာနည်းသူရဲကောင်းများကို ဂုဏ်ယူလေးစားစွာ အလေးပြုအပ်ပါသည်ဟု ဆိုသည်။

တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားသို့ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့ အသီးသီးမှ အရာရှိ အရာခံ အကြပ်စစ်သည်များ တက်ရောက်ခဲ့ကြပြီး CDF – အရှို ရဲဘော် စစ်မေများမှ ချင်းရိုးရာ ဝါးညှပ်အကနှင့် ရိုးရာ ဓလေ့ ဖော်ကျူးသော အကအလှများဖြင့် ကပြဖျော်ဖြေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.