Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

0
By Editor on February 18, 2026 Khonumthung

(004SS)

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့၏ နိုင်ငံရေးအမြတ်ထုတ်မှုအတွက် အသုံးချကျင်းပရန် ပြင်ဆင်နေသည့် “ချင်းအမျိုး သားနေ့” အခမ်းအနားသို့ ချင်းပြည်သူများအနေဖြင့် မည်သည့်ပုံစံနှင့်မျှ ပူးပေါင်းပါဝင်ခြင်းမပြုရန် CDF – Hakha က ယမန်နေ့ညက အသိပေးချက် ထုတ်ပြန်သည်။

ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အထိမ်းအမှတ်ပြုသည့် သမိုင်းဝင်နေ့ရက် ဖြစ်သော်လည်း၊ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ တရားဝင်မှုရရှိရေးအတွက် အသုံးချ နေခြင်းသာဖြစ်ကြောင်း CDF-Hakha က ဆိုသည်။

CDF-Hakha က “ပြည်သူလူထု၏ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်အာဏာရူးတို့၏ လုပ်ရပ်များကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်” ဟု ရေးသားဖော်ပြထားသည်။

ဟားခါးမြို့နေဒေသခံပြည်သူများအနေဖြင့် ပြည်သူအားလုံး၏ လုံခြုံရေးကို ဦးစားပေးကာ တစ်ညီတစ်ညွတ်ရပ်တည်ကြရန် CDF-Hakha က တိုက်တွန်းထားသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်မည့် ၇၈ နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို စစ်ကော်မရှင်က ဟားခါးမြို့ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ရန်စီစဉ်နေသည်ဟုသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) ကလည်း ဟားခါးမြို့တွင် စစ်ကောင်စီ၏ အခမ်းအနားမှ ပြန်လာသည့် ရဲတပ်ဖွဲ့ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

တီးတိန်မြို့နယ်တွင် အမှတ်တရအုတ်ဂူစိုက်ထူပွဲအခမ်းအနားမှပြန်လာသည့် ကားတစ်စီးမီးလောင်မှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.