Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

0
By Editor on February 17, 2026 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်အများစုနေထိုင်ရာ Sitapuri (စီသာပူရီး) ရပ်ကွက်တွင် ကလေးငယ်တစ်ဦးကို နေ့ခင်းကြောင်တောင် ဖမ်းဆီးခိုးယူရန် ကြိုးပမ်းသည့် ဖြစ်ရပ်တစ်ခု ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွါး ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စီသာပူရီးရပ်ကွက်တွင် နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးက “မနေ့က ကျောင်းတက် ချိန်ပေါ့ ၂ တန်း၊ ၃ တန်းအရွယ်ကလေးလေး သူ့အဘိုးက ကျောင်းသွားဖို့ လိုက်ပို့တာ။ လမ်းမှာ လူဆိုး ၂ ယောက်က သူ့ အဘိုးကိုတွန်းပြီးတော့ ကလေးကိုခိုးဖို့လုပ်နေတာပေါ့နော်။ အဲဒါကို ရပ်ကွက်ထဲကလူတွေက ဝိုင်းဖမ်းကြတာ အဲဒီ ၂ ယောက်ထဲက ၁ ယောက်ကို ဖမ်းမိတယ်၊ ရိုက်နှက်ကြပြီး ရဲဆီအပ်တယ်။ အခုတလော နယူးဒေလီမှာ ကလေးပဲမဟုတ်ဘူး လူကြီးတွေပါ အပျောက်များနေတယ်” ဟု ပြောကြားခဲ့သည်။

နယူးဒေလီရဲတပ်ဖွဲ့ (Delhi Police) ၏ Zipnet (Zonal Integrated Police Network) စနစ်မှ ထုတ်ပြန်ချက်များအရ မြို့တော်အတွင်း လူပျောက်ဆုံးမှုနှုန်းမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း သိရသည်။

လက်ရှိတွင် နယူးဒေလီမြို့တော်အတွင်း လူပျောက်ဆုံးမှုနှုန်းမြင့်တက်နေပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ (၁၅) ရက်တာကာလအတွင်းမှာပင် လူပေါင်း ၈၀၇ ဦး လူပျောက်တိုင်ကြားထားရကြောင်း၊ ပျောက်ဆုံးသူများအနက် အသက်မပြည့်ကလေးငယ် (Minors) ၁၉၁ ဦးပါဝင်ကြောင်း သိရသည်။

နယူးဒေလီးရဲတပ်ဖွဲ့မှ ၂၃၅ ဦးကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဟု သိရပြီး ကျန်ပျောက်ဆုံးသူ များအား ဆပ်လက်ရှာဖွေမှု ပြုလုပ်နေဆဲဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လအတွင်း လူပေါင်း ၁၇၇၇ ဦး ပျောက်ဆုံးကြောင်း တိုင်ကြားထားသည်ဟု သိရသည်။

ယခုကဲ့သို့ အခြေအနေများကြောင့် နယူးဒေလီရှိ မြန်မာနိုင်ငံသားများနှင့် ချင်းလူမျိုးများအနေဖြင့် အသွားအလာ အထူးဂရုစိုက်ကြရန် လိုအပ်နေပြီး မိဘများအနေဖြင့်လည်း သားသမီးများကို မျက်ခြေမပြတ် ထိန်းသိမ်းစောင့် ရှောက်ရန်နှင့် ပေါ့ဆမှုမရှိကြရန် ဒေသခံများအကြား အပြန်အလှန် သတိပေးနှိုးဆော်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

တီးတိန်မြို့နယ်တွင် အမှတ်တရအုတ်ဂူစိုက်ထူပွဲအခမ်းအနားမှပြန်လာသည့် ကားတစ်စီးမီးလောင်မှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.