Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ်တွင် အမှတ်တရအုတ်ဂူစိုက်ထူပွဲအခမ်းအနားမှပြန်လာသည့် ကားတစ်စီးမီးလောင်မှုဖြစ်ပွား

တီးတိန်မြို့နယ်တွင် အမှတ်တရအုတ်ဂူစိုက်ထူပွဲအခမ်းအနားမှပြန်လာသည့် ကားတစ်စီးမီးလောင်မှုဖြစ်ပွား

0
By Editor on February 16, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Tungzang နယ်မြေ၊ ကျီသွီးချောင်း (Citui lui) အနီးတွင် အမှတ်တရအုတ်ဂူစိုက်ထူပွဲ အခမ်းအနားမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်း ၃ နာရီဝန်းကျင်တွင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး တီးတိန်မြို့မှ လလ်တာ (Lalta) / ဖီလ်နပ် (Philnak) ကျေးရွာဘက်သို့ ဆွန်းသဲ (Suante) မျိုးနွယ်စုဝင် ပြင်သစ်ရောက် ပူ ဂင်ခိုင်နှင့် ၎င်း၏မိသားစုဝင် ၂ ဦးတို့ အတွက် အမှတ်တရ အုတ်ဂူစိုက်ထူခြင်း အခမ်းအနားသို့ သွားရောက်ခဲ့သည့် ခရီးသည်တင်ကား အခမ်း အနားအပြီး တီးတိန်မြို့သို့ ပြန်လာစဉ် ကျီသွီးချောင်းအနီးရှိ ဦးဂိုဆွန်း၏ ယာခင်းအနီး၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“Tungzang နယ်၊ ကျီသွီချောင်း အနီးမှာ ကားတစ်စီးသွားနေရင်းတန်းလန်းမီးထလောင်ပါတယ်။ Tungzang လူငယ် တွေကို အကြောင်းလာကြားတော့ ချက်ချင်းလိုက်သွားပါတယ်။ ကားကတော့ တစ်စီးလုံးပျက်စီးသွားတယ် ဘာမှ ရစရာမရှိတော့ဘူး။ လူတွေကတော့ ၁၀ ယောက်ဝန်းကျင်စီးလာတာပါ။ သူတို့ကတော့ဘာမှမဖြစ်ဘူး” ဟု Tungzang လူငယ်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် ကားပေါ်၌ ခရီးသည် (၁၀) ဦးခန့် လိုက်ပါလာသော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြသည်။

Tungzang ကျေးရွာရှိ လူငယ်များကလည်း ထိုသို့ အခက်အခဲဖြစ်နေသော ခရီးသည်များကို တီးတိန်မြို့သို့ ပြန်လည် ရောက်ရှိနိုင်ရန်အတွက် တာဝန်ယူ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျီသွီးချောင်း ပတ်ဝန်းကျင်နေရာသည် ယခင်ကလည်း ဆိုင်ကယ်နှင့် မော်တော်ကား တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွါးလေ့ရှိသည့်အပြင် သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.