Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

0
By Editor on February 27, 2026 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြီးခဲ့သည့်ရက်ပိုင်းကအတည်ပြုလိုက်သော မီဇိုးလက်ထပ် ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို လိုက်သည်။

မီဇိုရမ်ပြည်နယ်က အကြီးဆုံးသောအမျိုးသမီးများအသင်း-MHIP က ယနေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်ပြီး အဆိုပါဥပဒေသည် မီဇိုးအမျိုး သမီးများအတွက် လုံခြုံ၍ကောင်းမွန်သောဥပဒေမဟုတ်သည့်အတွက် ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။

မီဇိုးအမျိုးသမီးများအသင်း – MHIP အနေဖြင့် မီဇိုးရိုးရာဓလေ့ထုံးတမ်းဥပဒေ ကော်မတီ(Mizo Customary Law Committee) တွင် ပါဝင်သော်လည်း ယခုအတည်လိုက်သော “၂၀၂၆ ခုနှစ်၊ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်း”တွင် သဘောထားမှတ်ချက်တောင်းခံခြင်း၊ အသိပေးခြင်း မရှိသည့်အတွက် လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုလက်ရှိမှာ MHIP အနေဖြင့် မီဇိုးအမျိုးသမီးများအတွက် အသင့်တော်ဆုံးဖြစ်မည့် ပြင်ဆင်သင့်သော ဥပဒေများကို လေ့လာနေဆဲဖြစ်ပြီး ထို့အတွက်ကြောင့် ယခုအတည်ပြုလိုက်သော ဥပဒေကြမ်းကို ပြန်ရုပ်သိမ်း၍ ပြန် သုံးသပ်ကာ ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်း အဝေးမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က “၂၀၂၆ ခုနှစ်၊ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေ ဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်း”ကို တင်သွင်းကာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက တညီ တညွတ်တည်း သဘောတူ အတည်ပြုခဲ့ကြသည်။

အဆိုပါ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်းအရ မီဇိုးအမျိုးသမီးများသည် လူမျိုးခြားနှင့်လက်ထပ်ထိမ်းမြှားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ ရပ်ဆိုင်းခံရမည့်အပြင် ၎င်းတို့မွေးလာမည့် သား သမီးများလည်း Tribal (ဌာနေတိုင်းရင်းသားမျိုးနွယ်စု)ဖြစ်ခြင်းကို ဆက်လက်ခံယူ၍ ရတော့မည်မဟုတ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။

ယင်းဥပဒေနှင့်ပတ်သက်၍ လူမှုကွန်ယက်ဆိုရှယ်မီဒီယာများတွင် မတူညီသောသဘောထားအမြင်မျိုးစုံဖြင့် ထောက်ခံ သူများနှင့် ဝေဖန်ဆန့်ကျင်သူများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် မီဇိုးအမျိုးသမီးများအသင်းက ယခုကဲ့သို့ ၎င်းတို့၏သဘောထားကို ထုတ်ပြန်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

နွေရာသီ မီးဘေးအန္တာရာယ်ကြိုတင်ကာကွယ်ရန် သတ်မှတ်ရက်အတွင်း သန့်ရှင်းရေးပြုလုပ်ရန် ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.