Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးအမျိုးသမီးများ လူမျိုးခြားနှင့်လက်ထပ်ပါက မီဇိုးလူမျိုးဖြစ်ခြင်းမှရပ်ဆိုင်းခံရမည့် ဥပဒေကြမ်း မီဇိုရမ်လွှတ်တော်ကအတည်ပြု

မီဇိုးအမျိုးသမီးများ လူမျိုးခြားနှင့်လက်ထပ်ပါက မီဇိုးလူမျိုးဖြစ်ခြင်းမှရပ်ဆိုင်းခံရမည့် ဥပဒေကြမ်း မီဇိုရမ်လွှတ်တော်ကအတည်ပြု

0
By Editor on February 24, 2026 Khonumthung

(005MK)

မီဇိုးအမျိုးသမီးများအနေဖြင့် လူမျိုးခြားနှင့် လက်ထပ်ထိမ်းမြားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ ရပ်ဆိုင်းခံရမည့် ဥပဒေကြမ်းကို မီဇိုရမ်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

ယနေ့ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က “၂၀၂၆ ခုနှစ်၊ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်း” “The Mizo Marriage and Inheritance of Property (Amendment) Bill, 2026 ကို တင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းကို ကန့်ကွက်သူမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်အားလံုံးက တညီတညွတ်တည်း သဘောတူ အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်းအရ မီဇိုးအမျိုးသမီးများ သည် လူမျိုးခြားကို လက်ထပ်ထိမ်းမြားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ ရပ်ဆိုင်းခံရမည်ဟု ဝန်ကြီးချုပ်ကပြောသည်။

ထို့အပြင် ၎င်းတို့မွေးလာမည့် သားသမီးများအနေဖြင့်လည်း Tribal (ဌာနေတိုင်းရင်းသားမျိုးနွယ်စု)ဖြစ်ခြင်းကို ဆက် လက်ခံယူ၍ ရတော့မည်မဟုတ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။

လူမျိုးခြားလက်ထပ်သည့် မီဇိုးအမျိုးသမီးများသည် ယခုပြင်ဆင်သည့် မီဇိုးလက်ထပ် ထိမ်းမြား ခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေအောက်တွင် အကျုံးဝင်တော့မည်မဟုတ်ကြောင်းသိရသည်။

တချိန်တည်းမှာပဲ မီဇိုးအမျိုးသားများက လူမျိုးခြားအမျိုးသမီးကို လက်ထပ်လျှင်မူ ယင်းဥပဒေအောက်တွင်ဆက်လက်အကျုံးဝင်ပြီး ၎င်းတို့၏ သားသမီးများလည်း မီဇိုးအဖြစ်ဆက်လက်ခံယူနိုင်သည်ဟု သိရသည်။

ပုံစာ- မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်းနေစဉ်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.