Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့လေကြောင်းလိုင်းများ ပုံမှန်အတိုင်းပြေးဆွဲနေ

ကလေးမြို့လေကြောင်းလိုင်းများ ပုံမှန်အတိုင်းပြေးဆွဲနေ

0
By Editor on February 24, 2026 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ပျံသန်းပြေးဆွဲနေသော လေကြောင်းလိုင်းများသည် ရပ်နားခြင်းမရှိဘဲ ယခင်အတိုင်း ပုံမှန် ပြေးဆွဲနေသည်ဟု လေယာဉ်အရောင်းဌာနထံမှသိရသည်။

ကလေးမြို့တွင် ပုံမှန်ပြေးဆွဲနေသော လေကြောင်းလိုင်း ၂ လိုင်းရှိပြီး ယင်းတို့မှာ မြန်မာ့လေကြောင်းလိုင်း MNA နှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း-MAI(ယခင်ကမ္ဘောဇ) တို့ဖြစ်သည်။

မြန်မာ့လေကြောင်းလိုင်း MNA တွင် (MNA Flight) UB နံပါတ် ၃ လုံးပါနှင့် UB နံဘတ် ၄ လုံးပါဟူ၍ လေကြောင်းလိုင်း ၂ မျိုးရှိပြီး UB နံဘတ် ၄ လုံးပါ လေကြောင်းလိုင်းသာ ရပ်နားခြင်းသာဖြစ်သည်။ လေကြောင်းအားလုံးရပ်နားခြင်းမဟုတ် ပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မြစ်ကြီးနားလေဆိပ်တွင် မြန်မာ့လေကြောင်းလိုင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး နောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစ၍ မြန်မာ့လေကြောင်းလိုင်း UB နံဘတ် ၄ လုံးပါ လေယာဉ်မှာ ကလေးမြို့သို့ အကန့်သတ်မရှိ ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကလေးမြို့မှတဆင့် မုံရွာ၊ မန္တလေး၊ ရန်ကုန် မြို့များသို့ မြန်မာ့လေကြောင်းလိုင်း MNA Flight -UB နံဘတ် ၃ လုံးပါ လေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI တို့မှာ ယခင်အတိုင်းပုံမှန်ပြေးဆွဲပျံသန်းနေ ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနမှသိရသည်။

လက်ရှိတွင် လေယာဉ်စီးခမှာ တဦးလျှင် ကလေး-မန္တလေး (၅၃၀၀၀၀) ကျပ်၊ ကလေး- ရန်ကုန် (၇၀၉၀၀၀) ကျပ် ရှိသည်ဟု သိရ သည်။

ကလေးလေဆိပ်သည် ကလေးမြို့နှင့် တမူးမြို့နယ်တို့အပြင် ချင်းပြည်နယ်က ခရီးသွားပြည်သူများအဓိကအားထားရသော လေဆိပ်ဖြစ်ပြီး စစ်ရေးအခြေအနေများကြောင့် ကုန်းကြောင်းထက် လေကြောင်းလိုင်းဖြင့်သာ အများစုက ခရီးသွားလာကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.