(002MG)
ချင်းအမျိုးသားရေး ဦးဆောင်ဦးရွက်ပြုသူများအနေဖြင့် အစုအဖွဲ့လွှမ်းမိုးရေး၊ ပုဂ္ဂိုလ်ရေး ပြဿနာများအား မျိုးနွယ်စုပြဿနာအသွင် လက်ဆင့် မကမ်း ရန် အလေးနက်တိုက် တွန်းကြောင်း အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့ ၂ ခုက ပူးတွဲထုတ်ပြန်သည်။
နွေဦးတော်လှန်ရေးကာလ ၅ နှစ်တာ ကျော်လွန်ပြီးချိန်မှာ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ အဖက်ဖက်မှ ဆုတ် ယုတ်လျှက်ရှိသည်ကို ချင်းအမျိုးသးတစ်ရပ်လုံးအနေဖြင့် သတိချပ်စေလိုပြီး ပုဂ္ဂိုလ်ရေး၊ အစုအဖွဲ့လွှမ်းမိုးရေး၊ မျိုးဆက် သစ် များနှင့် သက်ဆိုင်မှုမရှိသော အတိတ်မှ ပုဂ္ဂိုလ်ရေး ပြဿနာများ အား မျိုးနွယ်စုပြဿနာအသွင် လက်ဆင့်မကမ်း ရန်နှင့် အမျိုးသားရေးအား ရှေးရှုကာ ပြည်သူကို အမြဲ တမ်းမျက်နှာမှုလျက် ကောင်းမွန်မျှတပြေ လည်စွာ ဖြေရှင်းကြရန် ချင်းကာကွယ်ရေးတပ်အရှို(CDF-Asho) နှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့က ယနေ့ ၇၈ နှစ်မြောက် ချင်းအမျိုး သားနေ့မှာ ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ယနေ့ကျရောက်သော (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ၏ သူ့ကျွန်မခံ လိုသော စိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူထုဆန္ဒအရ ဒီမို ကရေစီ စနစ်ဖြင့် အုပ်ချုပ်သော စနစ် အား မြတ်နိုးသည့် စိတ်ဓာတ်တို့အပေါ် အခြေခံကာ သီးခြား နယ်နိ မိတ်၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် သမိုင်းရှိခြင်း တို့အား ထင်ရှားစေသည့် နေ့ထူးနေ့ မြတ်ဖြစ်သည်ဟုဖော်ပြသည်။
ထို့အပြင် ချင်းလူမျိုးများသည် ပင်လုံကတိကဝတ်ဖြင့် အခြေခံသော ပြည် ထောင်စုအား တည်ဆောက်ရာ တွင် ကျရာအခန်းကဏ္ဍတွင် ပါဝင်ခဲ့သော လူမျိုးများဖြစ်ကြသည့်အပြင် ချင်းပြည်နယ်ပြင်ပရှိ အရှို (ချင်း) လူမျိုးများသည် လည်း မြန်မာပြည် နိုင်ငံရေးတွင် အသက်၊ သွေး၊ ချွေးတို့ဖြင့် ပေးဆပ်တည် ဆောက်ခဲ့ကြသည်ဟုဆိုသည်။
လက်ရှိနွေးဦးတော်လှန်ရေးကာလတိုက်ပွဲများအတွင်း နေရပ်စွန့်ခွာရသူများ၊ အသက်အိုး အိမ်နှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ပြည်သူများနှင့် ထပ်တူခံစားရကြောင်း တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ ဒေသအတွင်း ပဋိပက္ခများနှင့် ယိုယွင်းလျှက်ရှိသည့် တရားဥပဒေစိုးမိုး မှုများ အား မျိုးနွယ်စုအတွင်းသာမက အဖိနှိပ်ခံပြည်သူတစ်ရပ် လုံးဘက်မှ အစွမ်းကုန် ပူးပေါင်းကာကွယ်ရပ် တည်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
(၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့မှစတင်ကာ ချင်းကာကွယ်ရေးတပ် အရှို (CDF-Asho) နှင့် အရှိုချင်းကာကွယ် ရေးတပ် (ACDF) တို့သည် မြန်မာနိုင်ငံဒေသအနှံ့နှင့် တစ်သားတည်းရပ်တည်ကာ ဒီမိုကရေအနှစ်သာရပြည့်ဝသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသားရေးအား အခြေခံကာ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင်ဖော်ပြသည်။

