Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

0
By Editor on March 6, 2026 Khonumthung

(004SS)

မလေးရှားနိုင်ငံအတွင်း ခိုလှုံနေထိုင်ကြသည့် ဒုက္ခသည်များနှင့် ယာယီခိုလှုံခွင့်ရရှိထားသူများအတွက် ကိုရီးယားနိုင်ငံသို့ ပြောင်းရွှေ့အခြေချကာ မဟာဘွဲ့ (Master’s Degree) တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း Alliance of Chin Refugees (ACR) ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ပညာတော်သင်ဆု အစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန (MOJ)၊ ပညာရေးဝန်ကြီးဌာန (MOE) နှင့် UNHCR Korea တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဒုက္ခသည်များအတွက် ပညာတော်သင်ဆု နေရာ (၅) နေရာခန့် သတ်မှတ်ထားကြောင်း သိရသည်။

“အခုဟာက ဒုက္ခသည်အားလုံးအတွက် လုပ်ပေးတာ ဖြစ်ပါတယ်။ ကျောင်းဆက်တက်ချင်သူတွေအတွက် လျှောက်လို့ရပါတယ်” ဟု ACR ဉက္ကဌ ဆလိုင်းဂျိမ်စ်းက ပြောသည်။

ရွေးချယ်ခံရသည့် ကျောင်းသားများသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ ၃ နှစ်ကြာ ပညာသင်ယူခွင့်ရရှိမည် ဖြစ်သည်။

ပထမတစ်နှစ်မှာ ကိုရီးယားဘာသာစကား သင်ယူရမည်ဖြစ်ပြီး ကျန် (၂) နှစ်မှာ Master Programme ကို တက်ရောက်ရမည် ဟု ဆိုသည်။

ခံစားခွင့်များအနေဖြင့် အသွားအပြန် လေယာဉ်လက်မှတ်၊ ကျောင်းလခ အပြည့်အဝ၊ အစားအသောက်နှင့် နေထိုင်စရိတ် (လစဉ်ထောက်ပံ့ကြေး) တို့ ပါဝင်မည်ဟု သိရသည်။

အသက် (၄၀) နှစ်အောက် UNHCR ကတ်ကိုင်ဆောင်ထားသူ ဒုက္ခသည် (သို့မဟုတ်) ယာယီခိုလှုံသူ၊ Bachelor’s Degree (ဘွဲ့တစ်ခုခု) ရရှိထားသူ၊ ပညာအရည်အချင်း CGPA အမှတ်မှာ အမှတ် ၈၀% နှင့်အထက်ရရှိထားသူ (သို့မဟုတ်) အတန်းတွင်း ထိပ်တန်းအဆင့် ၂၀ ရာခိုင်နှုန်းအတွင်း ရှိသူများက လျှောက်ထားနိုင်မည် ဖြစ်သည်။

စိတ်ဝင်စားသူများအနေဖြင့် သတ်မှတ်ထားသည့် Express of Interest အွန်လိုင်းဖောင် https://enketo.unhcr.org/x/emHyxhXY တွင် ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ပြီး ရွေးချယ်ခံရပါက မတ်လ ၈ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ပေးမည်ဖြစ်ကာ မတ်လ ၉ ရက်နေ့တွင် ပြုလုပ်မည့် UNHCR ၏ လိုအပ်ချက်ရှင်းလင်းပွဲသို့ မပျက်မကွက် တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

ပလက်ဝက စစ်သုံ့ပန်းအပါအဝင် အရပ်ဖက် အကျဉ်းသား ၃၀ ကို ULA/AA ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.