(002MG)
စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်း ထောင်မှ အကျဉ်းသားတစ်ရာကျော် ယနေ့လွတ်မြောက်လာပြီး ယင်းအနက် အနိုင်ငံရေးအကျဉ်းသား ၁၂ ဦးသာပါဝင်ကြောင်းသိရသည်။
ယနေ့မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အထိမ်း အမှတ်အနေဖြင့် စစ်ကော်မရှင်က နိုင်ငံ တဝန်းအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား တစ်သောင်းကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။
ထိုအထဲတွင် ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား ၁၁၅ ဦးလွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၈ ဦး နှင့် အကျဉ်းသူ ၄ ဦး စုစုပေါင်း ၁၂ ဦးသာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) က ကနဦးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်း အတာ ဖြင့် ပေါင်းတည်အကျဉ်းထောင်မှ အမျိုးသား (၆) ဦး အမျိုးသမီး (၃) ဦး၊ သာယာဝတီအကျဉ်းထောင်မှ အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၁၃)၊ ဒိုက်ဦးအကျဉ်းထောင်မှ အမျိုးသား (၁၀) ဦး အမျိုး သမီး (၁၆) ဦး၊ မအူပင်အကျဉ်းထောင်မှ အမျိုး သား (၃၈) ဦးအမျိုးသမီး (၈) ဦး၊ ကော့သောင်းအကျဉ်းထောင်မှ (၆) ဦး၊ ပခုက္ကူအကျဉ်းထောင်မှ (၈၀) ဦး၊ ပြည်အကျဉ်း ထောင်မှ (၂၄) ဦး၊ သထုံအကျဉ်းထောင်မှ အမျိုးသား (၆၁) ဦး နှင့် မြိတ် အကျဉ်း ထောင်မှ အမျိုးသား (၁၆) ဦးနှင့် အမျိုး သမီး (၁၃) ဦးတို့ဖြင့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၃၂၄) ဦး လွတ်မြောက်လာသည်ဟု ဖော်ပြထားသည်။
စစ်ကော်မရှင်သည် အကြမ်းဖက်မှုတုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် အကျဉ်းထောင် အသီး သီးမှာ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၃၃၇ ဦးကိုနှင့် အခြားပြစ်ဒဏ်များကျခံနေသော အကျဉ်းသား၊ အကျဉ်းသူ ၂၈၂၅ ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

