ချင်းပြည်နယ် ဖလမ်းမြို့နယ်နယ် လုံးဟော့ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သားပြည်သူ လူငယ် ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
စစ်ကော်မရှင်တပ်သည် လုံးဟော့ကျေးရွာကို မတ်လ ၁၄ ရက်မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် ၂ ကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ် ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၄) နှစ်အရွယ် Van Lian Thawng ၊ အသက် (၁၇) နှစ်အရွယ် Henry Kap Nei Sang နဲ့ အသက် (၂၀) နှစ်အရွယ် Hrang Lun Sang တို့ သေဆုံးခဲ့ပြီး၊ ၄ ယောက်ခန့်ဒဏ်ရာရရှိကြောင်း သိရသည်။ ထို့အပြင် နေအိမ် (၄)လုံးခန့်လည်းပျက်စီးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း လုံးဟော့ကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ပြီး အသက် ၁၉ နှစ်အရွယ်ချင်းအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

