Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တစ်နှစ်တာအတွင်း တီးတိန်မြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်း ၂ ခု သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃၀ ဖမ်းမိဟု PDF-Zoland ထုတ်ပြန်

တစ်နှစ်တာအတွင်း တီးတိန်မြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်း ၂ ခု သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃၀ ဖမ်းမိဟု PDF-Zoland ထုတ်ပြန်

0
By Editor on March 23, 2026 Khonumthung

တစ်နှစ်အတွင်း PDF-Zoland ရဲဘော် ၁၃ ဦးကျဆုံး

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော Zomi Federal Union (ZFU/PDF-Zoland) သည် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်းမှာ စစ်ကော်မရှင်၏ တပ်စခန်း ၂ ခုကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃၀ ဦးဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ZFU/PDF-Zoland သည် ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့မှုအခြေအနေနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် စစ်ရေးအစီရင်ခံစာကို မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် ဆိုင်မွာလ် (Saimual) စခန်းနှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ထွမ်ဗုမ်း (Thuamvum) စခန်းတို့ကို တစ်လအတွင်း ဆက်တိုက် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟုဖော်ပြသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှ စတင်ကာ မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်လည်း ပါဝင် ဆင်နွှဲခဲ့သည်။

စစ်ဆင်ရေးကာလအတွင်း PDF-Zoland အနေဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ စစ်ကော် မရှင်တပ်သား ၁၈ ဦးသည်လည်း PDF-Zoland ထံ ခိုလှုံလာခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း လက်နက် ၅၀ ကျော် ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြသည်။

တစ်နှစ်တာအတွင်း တိုက်ပွဲများကြောင့် PDF-Zoland မှ ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ပြီး လက်ရှိတွင် ရဲဘော် ၁၅ ဦးထက်မနည်း ဒါဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်းလည်း PDF-Zoland ထံမှ သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကလေးမြို့မှ ချင်းတောင်သို့ တက်လာသော စစ်ကော်မရှင်တပ်များ ခုခံကာကွယ်ရာ၌ ဖြစ်ပွါးသော သိုင်းငင်းတိုက်ပွဲများအတွင်း လူသားဒိုင်းအဖြစ် စစ်ကော်မရှင်ကဖမ်းဆီးခဲ့သော အရပ်သား ၁၄ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း ဆိုသည်။

PDF-Zoland သည် စစ်ရေးစွမ်းရည် မြှင့်တင်ရန်အတွက် မဟာမိတ် AA တပ်ဖွဲ့ထံတွင် စစ်ပညာများ သွားရောက်သင်ယူ ခြင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း အခြေခံစစ်သင်တန်း ၃ ကြိမ်ထက်မနည်း ဖွင့်လှစ်လေ့ကျင့်ခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း ဖော်ပြ သည်။

လက်ရှိတွင် PDF-Zoland ကို စစ်ရုံးချုပ် စစ်ချုပ်၊ ဒု-စစ်ချုပ်၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးမှ အခြေခံ တပ်သား အဆင့်အထိ အဆင့်ဆင့်သော ကွပ်ကဲမှုစနစ် (Chain of Command) ဖြင့် ခိုင်မာစွာ တည်ဆောက်ထားကာ ခေတ်သစ် စစ်ဆင်ရေး လိုအပ်ချက်များအရ ထောက်ပို့ဌာန၊ စနိုက်ပါဌာန၊ ဒရုန်းဌာန၊ မိုင်းဌာန၊ ဆက်သွယ်ရေးဌာနနှင့် မော်တော် ယာဉ်/ယန္တရားဆိုင်ရာဌာနများ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားနေကြောင်း ဆိုသည်။

PDF-Zoland သည် ချင်းပြည်နယ်အပြင် မြေပြန့်ဒေသအထိ သွားရောက်ကာ စစ်ကော်မရှင်တပ်များအား တွန်းလှန်နေ ကြောင်း၊ လက်ရှိတွင် ၎င်းသိမ်းပိုက်ရရှိထားသော နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ကာ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် အရှိန်အဟုန်မြှင့် ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၁၂ ရက်တာ Blue Shirt Campaign စတင်

စစ်တပ်ဩဇာခံ ချင်းအစိုးရအဖွဲ့သစ်ကို သစ္စာခံ လူဟောင်းအများစုဖြင့် ပြန်ဖွဲ့စည်း

မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု MTC/ MDF ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.