Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

0
By Editor on May 16, 2026 Khonumthung

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော CDF-Hakha တပ်ဖွဲ့ အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပွား၍ ဒုတိယဥက္ကဌဟောင်း Salai Sang Ling ကျဆုံးသွားသည်ဟု သိရသည်။

မေလ ၁၅ ရက်နေ့က CDF ဟားခါး၏ အထွေထွေအတွင်းရေးမှူး Salai Za Cung Lian နှင့် ဒုဥက္ကဋ္ဌ (ဟောင်း) Salai Sang Ling တို့အကြား အငြင်းပွားရာကနေ အတွင်းရေးမှူးက သေနတ်နှင့်ပစ်ခတ်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု CDF-Hakha နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“သူတို့ဘာကြောင့် အငြင်းပွားရတယ်ဆိုတော့ အတိအကျမသိရဘူး၊ အတွင်းရေးမှူးက သေနတ်နဲ့ပစ်လို့ ကျဆုံးသွားတာပါ၊ အပြန်အလှန်ပစ်ခတ်မှုမျိုးတော့မဟုတ်ဘူး” ဟု CDF-Hakha နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်အသေးစိတ်အခြေအနေကို မသိရသေးဘဲ၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ CDF-Hakha ဘက်မှလည်း တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ခြင်းမရှိသေးပေ။

Salai Sang Ling သည် မြို့ပြအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ဟားခါးမြို့ လူထုသပိတ်များတွင် ဦးဆောင်ပါဝင်ခဲ့သူဟုသိရသည်။ ထို့နောက် CDF-Hakha ကိုစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ပြီး ဒုတိယဥက္ကဌတာဝန်အထိထမ်းဆောင်ခဲ့သည်ဟု သိရသည်။

Salai Sang Ling သည် ချင်းပြည်နယ်က စစ်ဆင်ရေးအများအပြားတွင် ရှေ့တန်းမှဦးဆောင်တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး CDF-Hakha အတွက် အဓိကအားထားရသူဖြစ်ကြောင်းသိရသည်။

ပုံစာ – ကျဆုံးသွားသော Salai Sang Ling

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.