Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပြည်တွင်းပြည်ပချင်းလူငယ်များက ချင်းလူငယ်ကွန်ဂရက်ကို မကြာမီ ဖွဲ့စည်းမည်

ပြည်တွင်းပြည်ပချင်းလူငယ်များက ချင်းလူငယ်ကွန်ဂရက်ကို မကြာမီ ဖွဲ့စည်းမည်

0
By Editor on May 14, 2026 Khonumthung

(006SV)

ပြည်တွင်းပြည်ပ ချင်းလူငယ်များအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုနှင့် စုစည်းမှုတစ်ရပ် တည်ဆောက်နိုင်ရန်အတွက် ချင်းလူငယ်ကွန်ကရက် (Chin Youth Congress – CYC) ကို မကြာမီ ဖွဲ့စည်းသွားမည်ဟု သိရသည်။

Chin Youth Forum – Aizawl ကို ပြည်တွင်း၊ ပြည်ပရှိ ချင်းလူငယ်အရေး တက်ကြွလှုပ်ရှားသူများနှင့် လူငယ့်အရေး စိတ်အား ထက်သန်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မေလ ၈ ရက်မှ ၉ ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ချင်းလူငယ်ကွန်ကရက် ဖွဲ့စည်းနိုင်ရေး အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

“ချင်းလူငယ်ကွန်ကရက်သည် ချင်းလူငယ်များကို ပြန်လည်စုစည်းပေးမည့် ဘုံပလက်ဖောက်းတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး လူငယ်များ၏ အခက်အခက်၊ စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းရန်နှင့် လူငယ်ထု၏ ရည်မှန်းချက်များကို ဖော်ဆောင်သွားရန် ရည်ရွယ်သည်” ဟု CYC အလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ချင်းလူငယ်များ၏ နိုင်ငံရေး၊ လူမှုရေးနှင့် တော်လှန်ရေးကဏ္ဍများတွင် ပါဝင်မှု မြင့်တက်လာခဲ့ သော်လည်း လူငယ်အဖွဲ့အစည်းများ အားနည်းပြိုကွဲခဲ့ရပြီး လူငယ်များ၏ အသံနှင့် အခန်းကဏ္ဍများ လျော့နည်းပျောက်ဆုံး လာရသည်ဟု Chin Youth Forum – Aizawl ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ချင်းလူငယ်များအကြား ခိုင်မာသော ချိတ်ဆက်မှုနှင့် စုစည်းမှုတစ်ရပ် တည်ဆောက်နိုင်ရန် လက်ရှိ Forum မှ ထွက်ပေါ်လာသော အကြံပြုချက်များနှင့် သဘောတူညီချက်များကို အခြေခံ၍ ချင်းလူငယ်ကွန်ကရက်ကို ဖွဲ့စည်းသွားမည်ဟု သိရသည်။

Forum မှ ထွက်ပေါ်လာသော အခြေခံမူကြမ်းများကို CYC အလုပ်အမှုဆောက် ကော်မတီမှ အချောရေးဆွဲပြီး ညီလာခံ တစ်ရပ် ခေါ်ယူကျင်းပကာ ယင်းမူကြမ်းများကို အတည်ပြု၍ Executive Committee ကို ရွေးချယ်ဖွဲ့စည်းသွားမည်ဟု သိရသည်။

ယခု Forum ကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် ချင်းလူငယ်များ၏ တက်ကြွသော ပူးပေါင်းပါတင်မှုကြောင်းဖြစ်ပြီး လူငယ်အင်အားကို ပြန်တည်ဆောက်နိုင်ရန် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း၊ ချင်းလူငယ်များ၏ အသံကို ပြည်တွင်းနှင့် နိုင်ငံတကာ အဆင့်အထိ ခိုင်မာစွာ ဖော်ဆောင်သွားရန် လုပ်ဆောင်မည်ဟု သိရသည်။

Chin Youth Forum – Aizawl အခမ်းအနားကို ပြည်တွင်းပြည်ပ ချင်းလူငယ်များထဲက လူကိုယ်တိုင်း ၂၅ ဦးနှင့် အွန်လိုင်းမှ ၁၆ ဦး စုစုပေါင်း လူငယ် ၄၁ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.