Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

0
By Editor on May 14, 2026 Khonumthung

(006SV)

ဟားခါးမြို့မှာ လူထုထံ ငွေညစ်တောင်းခံခြင်း၊ နေအိမ်များ ဖောက်ထွင်းဓါးပြတိုက်ခြင်း စသည့် လုပ်ရပ်များ ကျူးလွန်နေသော အာဏာသိမ်းစစ်တပ်၏ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိကြောင်း CDF – ဟားခါးထံမှ သိရသည်။

ချင်းပြည်နယ် စစ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့အတွင်း ဒေသခံပြည်သူများထံ ငွေညစ်တောင်းခြင်း၊ နေအိမ်များကို ဖောက်ထွင်း ဓါးပြတိုက်ခြင်း စသည့် ပြည်သူ့လုံခြုံရေး ထိခိုက်စေသော လုပ်ရပ်များကို ကျူးလွန်နေသော စစ်တပ်၏ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို မေလ ၁၃ ရက်က ဟားခါးမြို့အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု CDF – ဟားခါးက ယနေ့မှာ ထုတ်ပြန်သည်။

လက်ရှိမှာ စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှု ဖြစ်ပွားနိုင်သော နေရာများနှင့် လူသွားလာမှု နည်းပါးသော ဒေသ၊ နေရာများကို ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအရ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်လည်း CDF – ဟားခါးက အသိပေးသည်။

ဒေသခံပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရှိပြီး ပြည်သူအပေါ် အန္တရာယ်ပြု လုပ်များကိုလည်း ဆက်လက်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု CDF – ဟားခါးထံမှ သိရသည်။

ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ တွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ အချိန်မီသတင်း ပေးပို့၊ ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇိုဖေဒေသတွင် လမ်းပြင်ဆင်နေစဉ်အတွင်း ကားကြီးများ ဖြတ်သန်းခွင့် ၃ လကျော် ယာယီပိတ်ပင်

စစ်ရေးအခြေအနေကြောင့် လောင်းရှည်-ဆော ကားလမ်းပိတ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.