Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်မှာ (၄) လအတွင်း စစ်တပ်ကြောင့် အရပ်သား(၁၀) ဦးသေဆုံး၊ ဖမ်းဆီးခံရသူ (၁၈) ဦးခန့်ရှိ

အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်မှာ (၄) လအတွင်း စစ်တပ်ကြောင့် အရပ်သား(၁၀) ဦးသေဆုံး၊ ဖမ်းဆီးခံရသူ (၁၈) ဦးခန့်ရှိ

0
By Editor on May 19, 2026 Headline

(002MG)

အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်တွင် (၄) လတာကာလအတွင်း စစ်တပ်ကြောင့် အရပ်သား (၁၀) ဦး သေဆုံးခဲ့ရပြီး အကြောင်းမဲ့ဖမ်းဆီးခံရသူ (၁၈) ဦးခန့်ရှိခဲ့ကြောင်း Kuki Women Human Right Organization က မေလ (၁၈) ရက်နေ့က ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ (၄) လတာအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေ ကြောင်းတိုက်ခိုက်မှုအပါအဝင် ပျူစောထီးများ၏ သတ်ဖြတ်မှုကြောင့် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၄) ဦး၊ အမည်မဖော်ပြနိုင်သူ (၁) ဦး စုစုပေါင်း (၁၀) ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

ထို့အပြင် လေကြောင်း ဗုံးကြဲမှု၊ လက်နက်ကြီးကျည်ထိမှန်မှုနှင့် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ (၇) ဦးရှိခဲ့ပြီး ပျူစောထီးများမှ အကြောင်းမဲ့ဖမ်းဆီးငွေညှစ်မှုနှင့် စစ်မှုထမ်းဥပဒေအရ ဖမ်း ဆီးပေါ်တာဆွဲခံရသူ (၁၈) ဦးရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိ တမူးခရိုင်တွင် ဒေသအတွင်းတိုက်ပွဲများဖြစ်ပွားမှုမရှိသော်လည်း လက်နက်ကိုင်များ၏ အဘက်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ညှင်း ပန်းနှိပ်စက်မှုများ လျော့ပါးမသွားဘဲ ဆက်လက်မြင့် တက်နေဆဲဖြစ်သည့်ပြင် တမူးမြို့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းများက ညအချိန်မတော် ပြည် သူနေအိမ်သို့ မျက်နှာဖုံးများစွပ်၊ အတင်းအဓမ္မဝင်ရောက်ကာ ဓား ပြတိုက် ဖမ်းဆီးရိုက်နှက်မှုလည်း ပိုမိုများပြားလာသည်ဟု သိရသည်။

ပြည်သူများသည် စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးအဆက်များဖြစ်သော အသက်မွေးဝမ်းကျောင်း၊ ကုန်ဈေးအဆမတန်မြင့် တက် ခြင်း၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ အိုးအိမ်မဲ့ခြင်း လူမှုစီးပွား ခြွတ်ခြုံကျခြင်းကြောင့် မိသားစု အ သက် လုံခြုံရေး အဓိက ရင်ဆိုင်နေသည့်အပြင် အမျိုးသမီး နှင့် ကလေးသူငယ်များလည်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုံးဝကင်းမဲနေခြင်းများ ကြုံတွေ့နေရကြောင်း ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

စစ်ရေးကာလ ကြာရှည်လာသောကြောင့် ဆေးဝါးကုသရန် ပို၍ခက်ခဲခြင်း၊ ဆေးဝါးပြတ်လပ်နေခြင်း၊ စစ်ရှောင်စခန်း များတွင် ဆေးဝါးမရောက်နိုင်ခြင်းကြောင့် စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင် ကလေးငယ် များ တွင် ယားနား၊ပွေး၊ ဝဲများ အရှင်းမပျောက်ကင်းဘဲ ကူးစက်ခံရမှုများရှိသည်ဟု အစီအရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၆ ဇန်နဝါရီလ မှ ဧပြီလအထိ (၄) လတာကာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေခြင်း ကြောင့် စစ်ရှောင်ဦးရေထပ်တိုးခြင်းမရှိသော်လည်း စစ်ဘေးရှောင်များသည် အ လုပ်အကိုင် ရှားပါးခြင်း၊ ဝင်ငွေမရှိခြင်းတို့ကြောင့် မိသားစု ရပ်တည်ရှင်သန်နိုင်ရေးအတွက် တနိုင်တ ပိုင်တောင်ယာ ခုတ်ကာ စပါးနှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်း၊ မီးသွေးဖုတ်သည့် လုပ်ငန်းလုပ်ကိုင်ကြရသည်ဟု သိရသည်။

Kuki Women Human Right Organization သည် အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများအကြား ဒေသခံပြည်သူများ ကြုံ တွေ့နေရသော လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒေသအခြေအနေများနှင့် အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲများကို ၂၀၂၄ ခုနှစ်မှစတင်၍ ၄ လတစ်ကြိမ် အစီရင်ခံစာ ထုတ်ပြန်လေ့ရှိပြီး လက်ရှိတွင် (၇) ကြိမ်မြောက် အစီအရင်ခံစာ ထုတ်ဝေပြီးမြောက်ခဲ့ပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.