Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Editor's Pick»“သံချေးတက်နေသော သေမင်းတမန်များ”

“သံချေးတက်နေသော သေမင်းတမန်များ”

0
By Editor on May 27, 2026 Editor's Pick

ပေါက်ကွဲစေတတ်တဲ့ တိုက်ပွဲကြွင်းကျန်ပစ္စည်းတွေဆိုတာဘာလဲ? ဘာကြောင့် အဲဒါတွေကို သိရှိဖို့ အထူးအရေးကြီးတာလဲ?

ပေါက်ကွဲစေတတ်သည့် တိုက်ပွဲကြွင်းကျန်ပစ္စည်းများ (Explosive Remnants of War – ERW) ဆိုတာ တိုက်ပွဲများအတွင်း အသုံးပြုခဲ့သော်လည်း မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။

၎င်းတို့မှာ ဘာတွေလဲ?

  • ပေါက်ကွဲစေတတ်သည့် တိုက်ပွဲကြွင်းကျန်ပစ္စည်း ဆိုတဲ့အခါမှာ (၂) မျိုး ပါဝင်ပါတယ်။ ပထမတစ်ခုက ပစ်ခတ်လိုက်ပေမယ့် မပေါက်ကွဲဘဲ ကျန်နေတဲ့ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ (UXO) ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ စွန့်ပစ်ထားခဲ့တဲ့ စွန့်ပစ်ခဲယမ်းများ (AXO) ဖြစ်ပါတယ်။

၁။ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ (UXO)

  • UXO ဆိုသည်မှာ ပစ်ခတ်လိုက်သော်လည်းကောင်း၊ ပစ်ချလိုက်သော်လည်း ကောင်း နည်းပညာချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ မပေါက်ကွဲဘဲ ကျန်ရစ်နေခဲ့သော လက်နက်ခဲယမ်းများ ဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အချိန်မရွေး ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်သည်။

UXO အမျိုးအစားများ

  • မော်တာကျည် (Mortars): ထိပ်ပိုင်းတွင် စနက်တံပါပြီး အနောက်တွင် ဒိုင်ခွက် (Fins) ပါရှိသည်။
  • လက်ပစ်ဗုံး (Grenades): လက်ဖြင့် ပစ်ရသော ဗုံးများ။
  • ဒုံးကျည်/ဒုံးသီး (Rockets/Missiles): အကြီးစား ပေါက်ကွဲမှု ဖြစ်စေနိုင်သည်။
  • လေထီးဗုံး/အစုအပြုံလိုက်ဗုံး (Cluster Munitions): ဗုံးသီးငယ်လေးများစွာ ပါဝင်သော ဗုံးများ။

၂။ စွန့်ပစ်ခဲယမ်းများ (AXO)

  • AXO ဆိုသည်မှာ တိုက်ပွဲအတွင်း အမှန်တကယ် ပစ်ခတ်ခဲ့ခြင်း မရှိသေးသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများက တစ်စုံတစ်ရာသော အကြောင်းပြချက်ဖြင့် (ဥပမာ – စခန်းစွန့်ခွာချိန် သို့မဟုတ် ဆုတ်ခွာချိန်) စွန့်ပစ်ခဲ့သော သို့မဟုတ် ချန်ထားခဲ့သော လက်နက်ခဲယမ်းများ ဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Public Service Announcement (PSA)

Myanmar Ethnic Culture Fest 2019

Khonumthung Chin TV news (Nov. 2018)

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.