Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

0
By Editor on September 9, 2026 Khonumthung

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ဘာသာသင်ရိုးသစ် သင်ကြားစေမှုသည် ကျောင်းသူ/ကျောင်းသားများအား မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းမျိုးမဟုတ်ကြောင်း အာရက္ခအမျိုးသားပညာရေးဌာန ထုတ်ပြန်လိုက်သည်။

အာရက္ခတပ်တော် ULA/AA ၏ အာရက္ခအမျိုးသားပညာရေးဌာနက ချင်းပြည် နယ် ပလက်ဝမြို့နယ်မှာ ၁၂ တန်းပညာသင်ရိုးညွန်းတမ်းကို ရခိုင်ဘာသာဖြင့် သင်ကြားစေမှုအပေါ် ဝေဖန်ကန့်ကွက်မှုများထွက်ပေါ်လာပြီးနောက် ဦးခိုင်သုခက သူ၏ Telegram စာမျက်နှာမှတဆင့် အာရက္ခအမျိုးသားပညာရေးဌာန၏ သဘောထားကို ယနေ့စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။

၁၂ တန်း ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာမှာ အစားထိုးထားပါသော်လည်း ကျောင်းသား/သူတိုင်းအား မသင် မနေရ အတင်းအဓမ္မသင်ယူခိုင်းခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား/သူများသည် မြန်မာစာ နဲ့ ရက္ခိုင်စာ နှစ်ခုထဲမှ တစ်ခုခုကို ကြိုက်နှစ်သက်ရာ ဘာသာအဖြစ် ရွေးချယ်သင်ကြားနိုင်သော မူဝါဒကို ကျင့်သုံးလာမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပလက်ဝမြို့နယ်တွင် ယခုပညာသင်နှစ်မှာ ၁၂ တန်းပညာအား သင်ယူနေသူစုစုပေါင်း ၁၅၈ ယောက်ရှိပြီး ၎င်းတို့အထဲတွင် ရက္ခိုင်လူမျိုး (၁၃၈) ယောက်၊ ခူမီးလူမျိုး (၁၆) ယောက်၊ ဒိုင်းနက်လူမျိုး (၃) ယောက်၊ မြိုလူမျိုး(၁) ယောက် တို့ကို အာရက္ခအမျိုးသားပညာရေးဌာနမှ ကြီးကြပ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အာရက္ခတပ်တော် ULA/ AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အထက်တန်းသင်ရိုးသစ်ရေးဆွဲ၍ ရခိုင်ဘာသာစာဖြင့် ပြဌာန်းသင်ကြားမှုသည် ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်သားများအပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) နှင့် ခူမီးအမျိုးသားစည်းလုံးညွတ်ရေးပါတီ (KNUP) တို့က ကြေညာချက်ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များ၊ နိုင်ငံခြားသားများနှင့်ပတ်သက်သောလိုက်နာဆောင်ရွက်ရမည့် အချက် ၇ ချက်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.