Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

0
By Editor on September 16, 2026 Khonumthung

(006SV)

အိန္ဒိယ- မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်၊ Khaikhy ကျေးရွာအနီးရှိ မရာလူငယ်အဖွဲ့၏ စစ်ဆေးရေးဂိတ် ကို ရခိုင်ကုန်သည်တချို့က မီးရှို့ဖျက်စီးမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို အာရက္ခတပ်တော် ULA/AA အနေဖြင့် အရေးယူပေးရန် India For Myanmar (IFM)က စက်တင်ဘာလ ၁၆ ရက်မှာ တောင်းဆိုလိုက်သည်။

Khaikhy ကျေးရွာအနီးရှိ မရာလူငယ်အဖွဲ့ (MTP- Khaikhy) က စောင့်ကြည့်သည့် စစ်ဆေးရေးဂိတ်ကို ရခိုင်ကုန် သည်တချို့က ကုန်စည်စီးဆင်းမှု နှေးကွေးရခြင်းအပေါ် မကျေမနပ်ဖြစ်ပြီး အငြင်းပွားရာမှတဆင့် စက်တင်ဘာလ ၁၄ ရက်မှာ အဆိုပါစစ်ဆေးရေးဂိတ်ဝန်ထမ်းများကို အသက်အန္တရာယ်ပြု ရန်ရှာတိုက်ခိုက်ရန် ကြိုးပမ်းခြင်းနှင့် ဂိတ်ကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု IFM ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

တာဝန်ကျ ဝန်ထမ်းများသည် အချိန်မီ တိမ်းရှောင်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း စစ်ဆေးရေး ဂိတ်မှာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ဒေသခံများ၏ အချိန်မီ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ဤဖြစ်စဉ်သည် သာမန်ဒေသတွင်း အငြင်းပွားမှုမျှသာ မဟုတ်ဘဲ အချုပ်အခြာအာဏာပိုင် အိန္ဒိယနိုင်ငံ နယ်မြေ အတွင်း အိန္ဒိယနိုင်ငံသားများ၏ အသက်အန္တရာယ်ကို ထိခိုက်စေမည့် ရည်ရွယ်ချက် ရှိရှိ လူသတ်မှု ကျူးလွန်ရန် ကြံစည်တိုက်ခိုက်ခြင်းနှင့် ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ရာ အလွန်ကြီးလေးသော ပြစ်မှုထင်ရှားသည့် ဥပဒေချိုးဖောက်မှု လုပ်ရပ်ဖြစ်သည်” ဟု India For Myanmar က ထုတ်ပြန်သည်။

Khaikhy MTP ၏ ကုန်တင်လှေအဝင်အထွက် မှတ်တမ်းစာအုပ်၊ ငွေစာရင်းစာအုပ်များကို ဖျက်ဆီးခံခဲ့ရပြီး ရူပီးတစ်သောင်းခန့်လည်း ပျောက်ဆုံးသွားကြောင်း အိန္ဒိယဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ရခိုင်ကုန်သည်တချို့၏ လုပ်ရပ်နှင့်ပတ်သက်၍ ဥပဒေချိုးဖောက် ကျူးလွန်ခဲ့သူများကို ပြင်းထန်စွာ ဖော်ထုတ် အရေးယူပေးရန်၊ ထိခိုက်နစ်နာသည့် ပြည်သူများကို နစ်နာကြေးပေးရန်နှင့် မီဇိုရမ်ပြည်သူများကို တရားဝင် တောင်းပန်းမှု ပြုလုပ်ရန် အရေးကြီသည်ဟု India For Myanmar က ထုတ်ပြန်သည်။

India For Myanmmar အနေဖြင့် ရခိုင်ကုန်သည်တချို့၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း၊ နစ်နာသူ အိန္ဒိယပြည်သူများ တရားမျှတမှု ရရှိသည်အထိ မိမိတို့အနေဖြင့် အစွမ်းကုန် ဝိုင်းဝန်း ဖော်ထုတ် ကူညီသွားမည်ဟု ဆိုသည်။

သက်ဆိုင်ရာ ဒေသခံအာဏာပိုင်များ၊ လူငယ်အဖွဲ့အစည်းများနှင့် အစိုးရတို့က ချမှတ်ထားသော တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို မပျက်မကွက် လိုက်နာစောင့်ထိန်းကြရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်မှာ အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

ကလေးမြို့တွင် ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃ သိန်းနီးပါး ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.