(004SS)
ကလေးမြို့မှ ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်မည့် စစ်ဘေးရှောင် ပြည်သူများအတွက် ၆ ကြိမ်မြောက် နေရပ်ပြန် အစီအစဉ်ကို လာမည့် စက်တင်ဘာ ၁၇ ရက်နေ့ ကြာသပတေးနေ့တွင် FCMF နှင့် CSOs-Falam ဦးဆောင်မှုဖြင့် စတင်ထွက်ခွါမည်ဖြစ်ကြောင်း သိရသည်။
ယခုထွက်ခွာမှုသည် ဇွန်လမှ စက်တင်ဘာလအထိ သတ်မှတ်ဆောင်ရွက်ခဲ့သည့် Phase 1 (ပထမအသုတ်) ၏ နောက်ဆုံးအကြိမ်ထွက်ခွာမည့် ခရီးစဉ်ဖြစ်ပြီး၊ ဒုတိယပိုင်း Phase 2 ကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွက် လူဦးရေ ၁၀၀ သာ လက်ခံမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့၊ နေ့လည် ၁၂ နာရီအထိ Central Chin Pawlpi ဗဟိုချင်းအဖွဲ့ ရုံးတွင် စာရင်းပေးသွင်းနိုင်ပြီး ဖလမ်းသို့ မပြန်ဖူးသေးသူ၊ ပထမဆုံးအကြိမ် ပြန်လည်လိုက်ပါ မည့်သူများအား ဦးစားပေး စီစဉ်ပေးမည်ဖြစ်သည်။
ခရီးသွား ပစ္စည်းများအဖြစ် တစ်ဦးလျှင် အိမ်သုံးပစ္စည်း ဆာလာအိတ် ၃ အိတ် အရွယ်အစား မကြီးလွန်းသော အိတ် သာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး ဆန်အိတ်များ သယ်ဆောင်ခွင့် မရှိဟုဆိုသည်။
စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်းများ သယ်ဆောင်လိုပါက ဖုန်းနံပါတ် 09400305551 နှင့် 09979115221 သို့ တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဖော်ပြသည်။
ပစ္စည်းအပ်နှံခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်း ၉ နာရီမှ ညနေ ၂ နာရီအတွင်း Central Chin Pawlpi ရုံးသို့ လာရောက် ပို့ဆောင်ရမည်ဖြစ်သည်။
ထို့ပြင် နေရပ်ပြန်ယာဉ်တန်းတွင် လိုက်ပါမည့် ယာဉ်ပိုင်ရှင်များအနေဖြင့် စက်တင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ဆလိုင်း ပါးသဲ 09979115221 ၊ ဆလိုင်း မှုန်ကလ် 09968708047 နှင့် စလိုင်းကိုနိအန်း 09988032140 တို့ထံ စာရင်းပေးသွင်းရန် အသိပေးထားသည်။

