(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ PDF Zoland ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများ၏ ပစ်ခတ်မှုကြောင့် သိက္ခာတော်ရ သင်းအုပ်ဆရာ Rev. Dal Thawn Tuang သေဆုံးသွားခြင်းဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်သည်။
PDF Zoland ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃ ရက်နေ့တွင် ZFU/PDF Zoland က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း အယောက် ၈၀ ခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ စက်တင်ဘာ ၁၄ ရက်နေ့တွင် ကပ်တဲလ်ကျေးရွာအနီး ခရီးသွားလာနေသည့် Lamzang နှစ်ခြင်းအသင်းတော်မှ Rev. Dal Thawn Tuang ကို လမ်းခုလတ်တွင် ပစ်ခတ်သတ် ဖြတ်ခဲ့ကြခြင်းဟု ဆိုသည်။
ဆုံးပါးသွားသည့် ဆရာတော်၏ ရုပ်အလောင်းကို PDF Zoland က သွားရောက်ရယူကာ Lamzang ကျေးရွာသို့ ပို့ဆောင် ပေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
Rev. Dal Thawn Tuang ကွယ်လွန်သွားခြင်းသည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းအတွက်သာမက ဇိုဂမ်နှင့် ဇိုမီး၊ မိသားစုဝင် တစ်ရပ်လုံးအတွက် ကြီးမားသည့် ဝမ်းနည်းဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ZFU/PDF Zoland က ထုတ်ပြန်ထားသည်။

