ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မောချောင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ စာသင်ကျောင်း နှင့် နေအိမ်တချို့ပျက်စီးခဲ့ကြောင်းသိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်မှာ မောင်ချောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နှင့် နေအိမ်တချို့ပျက်စီးခဲ့သည်ဟု သိရသည်။
မောချောင်ကျေးရွာသည် ကန်ပက်လက်မြို့မှ မိုင် ၃၀ ကျော်ကွာဝေးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းလည်းပိတ်ထားရကြောင်းသိရသည်။
နောက်ထပ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်မည်ကို စိုးရိမ်ကြသည့်အတွက် ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူ ၃၀၀ နီးပါးသည် ရွာထဲမနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟုသိရသည်။

