(002MG)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီ လက်အောက်တွင် ဖွင့်လှစ် နေသည့် အလယ်တန်းကျောင်းခွဲ၏ စာသင်ဆောင်တခု အောက်တိုဘာ (၁၀) ရက်နေ့ ညတွင် မီး လောင်ခဲ့သည်ဟု သိရသည်။
တီးတိန်မြို့ခံက “မီးလောင်တာက ဘယ်ကနေစတယ်ဆိုတာပြောလို့မရဘူးဖြစ်နေတယ်၊ မီးလောင် တဲ့ရက်မှာ အဲ့ဘက်ရပ်ကွက်က လျှပ်စစ်မီးမလာတဲ့ရက်ဖြစ်တယ်။ ဆိုလာကနေ တဆင့်လောင်တယ် လို့ ပြောရအောင်လည်း ဆိုလာက တပ်ထားတာမျိုးမရှိဘူးဆိုတော့ ရှို့မီးကြောင့် လောင်တယ်လို့ပဲ အများ စုက ထင်ကြေးပေးကြတယ်။ အဲ့ဒီကျောင်းက ယခုလက်ရှိ ဖွင့်နေဆဲကျောင်းဖြစ်တယ်။” ဟု ပြောသည်။
အဆိုပါ စာသင်ကျောင်းမီးလောင်မှုကြောင့် မီးသတ်ကားရောက်ရှိလာပြီး မီးငြိမ်းသတ်ရန် ကြိုးပမ်းခဲ့သော်လည်း မီးအရှိန်အလွန်ပြင်းထန်ခဲ့သော ကြောင့် သစ်သားအဆောက်အအုံစာသင်ဆောင်မှာ ပြာကျသွားခဲ့ရသည်ဟု သိရသည်။
ယခုလက်ရှိတီးတိန်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများဖွင့်လှစ်ကာ ပုံမှန်အတိုင်း ကျောင်းတက် နေကြသည်ဟု တီးတိန်မြို့ ခံထံမှသိရသည်။
