Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအမျိုးသားစစ်မှုထမ်းမူဝါဒတချို့ ပြင်ဆင်ပြဌာန်း၊ ပြည်သူ့စည်းရုံးရေးအသွင်းဖြင့် တပ်သားစုဆောင်းမည်

ချင်းအမျိုးသားစစ်မှုထမ်းမူဝါဒတချို့ ပြင်ဆင်ပြဌာန်း၊ ပြည်သူ့စည်းရုံးရေးအသွင်းဖြင့် တပ်သားစုဆောင်းမည်

0
By Editor on October 12, 2026 Khonumthung

စစ်ဖက်တရားရုံးများ၏ လုပ်ပိုင်ခွင့်များကို အတည်ပြုခြင်းနှင့် မူဝါဒသစ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေးမှာ စွန့်လွှတ်ပေးဆပ်ခဲ့သူများဆိုင်ရာ မူဝါဒချမှတ်ခဲ့

(006SV)

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက သတ်မှတ်ပြဌာန်းထားသော အမျိုးသားစစ်မှုထမ်းမူဝါဒကို တချို့ကို ပြန်လည် ပြင်ဆင်လိုက်ပြီး ချင်းပြည်အတွင်း အရွယ်ရောက်သူတိုင်း စစ်မှုထမ်းဆောင်နိုင်ရေးကို ပြည်သူ့စည်းရုံးရေးအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်း၊ ကောင်စီ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေး (၆/ ၂၀၂၆- ၂၀၂၇) ကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၂ ရက်အထိ ချင်းလုံမြို့တွင် ပြုလုပ်ခဲ့ရာ အမျိုးသားစစ်မှုထမ်းမူဝါဒ၊ ချင်းစစ်ဘက်ဆိုင်ရာ တရားရုံးနှင့် ရဲဘော်များ၏ စွန့်လွှတ်ပေးဆပ်ခဲ့သူများ ဆိုင်ရာ မူဝါဒအသစ်တို့ကို ပြင်ဆင် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချင်းပြည်တွင် အမျိုးသား စစ်မှုထမ်းမူဝါဒ (National Service Policy) ကို ပြဌာန်းပြီး အကောင်အထည်ဖော်နေခဲ့ရာမှာ လက်တွေ့မှာ အဆင်မပြေမှုတချို့ကို တွေ့ရှိရပြီးနောက် အချက်၃ ချက်ကို ပြင်ဆင်ခဲ့သည်ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung က ပြောသည်။

“ဒီဥစ္စာမှာ ကျနော် နည်းနည်း ပြောချင်တာက ကျနော်တို့ ချင်းပြည်မှာ မင်းအောင်လှိုင်လို အတင်းအဓမ္မ ဖမ်းပြီး လုပ်တာကတော့ အဆင်မပြေဘူး။ အကြောင်းကတော့ ချင်းတွေရဲ့ ယဉ်ကျေးမှု (Civilization) အရသော်၎င်း၊ ချင်းတွေရဲ့ ဘာသာရေးအရ သော်၎င်း အဆင်မပြေဘူးပေါ့ ဒီအတင်းအဓမ္မလုပ်တဲ့ ပုံစံက။ ဘာကြောင့်လဲဆိုရင် ဒီနွေဦးတော်လှန်ရေးက ဒီအာဏာရှင်ကို တော်လှန်တာက ဘယ်သူမှ အတင်းအဓမ္မနဲ့ ဖမ်းပြီးတော့မှ လာတော်လှန်ကြပါလို့ ဘယ်သူမှ မပြောပါဘူး။ ကိုယ့်ဆန္ဒနဲ့အညီ၊ မိမိရဲ့ စိတ်ဆန္ဒနဲ့အညီ ဒီအာဏာရှင်ကို တော်လှန်ကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စည်းရုံးရေးအသွင်နဲ့ မိမိဆန္ဒအရ ကျနော်တို့ ဆက်လက်ပြီးတော့မှ ပြည်သူ့တော်လှန်ရေးဆန်ဆန် တော်လှန်သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်သားစုဆောင်းတာကို စည်းရုံးရေးအသွင်နဲ့ ဆက်လက်ပြီးတော့ စုဆောင်းသွားမှာ ဖြစ်ပါတယ်” ဟု Pu Bawi Kung က ပြောသည်။

အမျိုးသားစစ်မှုထမ်းမူဝါဒ၏ ပြင်ဆင်ချက် ပထမတစ်ချက်မှာ စစ်မှုထမ်းရမည့် အသက်ကန့်သတ်ချက်ကို သတ်မှတ်မထားတော့ဘဲ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည်ဆိုသော မူဝါဒကို အစားထိုးပြင်ဆင်ခဲ့ပြီး ဒုတိယအချက်မှာ ပြည်နှင်ဒဏ်ပေးမည်ဟူသော အချက်ကို ပယ်ဖျက်လိုက်သည်ဟု သိရသည်။

နောက်ဆုံးအချက်မှာ စစ်မှုထမ်းခေါ်ယူချိန်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုးကို မလုပ်တော့ဘဲ မိမိဆန္ဒနှင့်အညီ ပြည်သူ့စည်းရုံးရေးအသွင်းဖြင့် တပ်သားသစ် စုဆောင်းသွားခြင်းဖြင့် စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

“အဲဒီ အမျိုးသား စစ်မှုထမ်းမူဝါဒက အသေးစိတ် ရေးသွားမှာ လုပ်သွားမှာက ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းကို ရေးဆွဲသွား မှာြဖစ်ပါတယ်။ အရင်တုန်းက မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းက ရောသွားတာပေါ့။ အခုကြတော့ မူဝါဒက သပ်သပ် ၊ လုပ်ထုံးလုပ်နည်းက သပ်သပ်ဆိုပြီးတော့မှ သပ်သပ်ရပ်ရပ် ပြင်ဆင်ရေးဆွဲ သွားမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung က ပြောသည်။

ယင်းအစည်းအဝေးတွင် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းကာကွယ် ရေးတပ်ဖွဲ့ (CDFs) ၁၉ ဖွဲ့နှင့် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) စသည့်တို့အတွက်လည်း ကာကွယ်ရေးဥပဒေ မပြဌာန်းမီ ကျင့်သုံးနိုင် ရန် စစ်ဖက်တရားရုံး အဆင့်ဆင့်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြု ချမှတ်နိုင်ခဲ့သည်။

“အဓိကက စစ်ဖက်တရားရုံးကို သုံးဆင့် ခွဲထားတာ။ သုံးဆင့်က ပထမအဆင့်က တပ်တွင်းတရားရုံး၊ ဒုတိယက တိုင်းအဆင့် တရားရုံး၊ နောက်ဆုံးက စစ်တရားရုံးချုပ် ဆိုပြီးတော့ အဆင့်သုံးဆင့်နဲ့ ခွဲထားတာဖြစ်ပါတယ်။ တပ်တွင်းတရားရုံးဆိုတဲ့ဟာက CNA နဲ့ CDF တွေက သူတို့ရဲ့ စစ်ဥပဒေကို အသုံးပြုပြီးတော့မှ ဒီစစ်ဖက်တရားရုံးကို လုပ်ကြမှာ ဖြစ်ပါတယ်။ သို့သော် တိုင်းအဆင့် တရားရုံးရော၊ စစ်တရားရုံးချုပ် အတွက်ရော၊ Chinland Government Force အတွက်ရော သူတို့သုံးခုကိုတော့ လက်ရှိ ယာယီအနေနဲ့ ကာကွယ်ရေးဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းထားခြင်း မရှိသေးခင် CNA ရဲ့ စစ်ဥပဒေကို ကျင့်သုံးပြီးတော့ အဲဒီအမှုတွေကို သူတို့ ဖြေရှင်းစီရင်ချက်ချမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung က ပြောသည်။

အဆိုပါ ကောင်စီဦးဆောင်အဖွဲ့၏အစည်းအဝေးတွင် မူဝါဒအသစ်တစ်ခုအနေဖြင့် စစ်အာဏာရှင် တော်လှန်ရေးတွင် စွန့်လွှတ်ပေးဆပ်ခဲ့သူများဆိုင်ရာ မူဝါဒကိုလည်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

“အာဏာရှင်တော်လှန်ရေးတွင် စွန့်လွှတ်ပေးဆပ်ခဲ့သူများဆိုင်ရာ မူဝါဒ လို့ ကျနော်တို့က နာမည်ပေးထားတယ်။ ဒါက အခြေခံ ဥပဒေမှာ ပါပြီးသား ဖြစ်ပါတယ်။ အဓိက တော်လှန်ရေးမှာ စွန့်လွှတ်ပေးဆပ်ခဲ့သူများအတွက် သူတို့ရဲ့ အာမခံချက်အတွက် ဒီမူဝါဒကို ရေးဆွဲတာဖြစ်ပါတယ်။ ဒီမူဝါဒက ရေရှည်အတွက် ဖြစ်တယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်မယ့် အချိန်ကတော့ ဘယ်အချိန်လဲဆိုရင် ဒီမူဝါဒနဲ့အညီ အစိုးရကနေပြီးတော့ အစီအမံတွေ ပြန်ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီအစီအမံ ရေးဆွဲပြီးပြီ ဆိုရင်တော့ သူတို့ အသက်ဝင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေအတွက် အာမခံချက်ရှိတဲ့ မူဝါဒ ဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung က ပြောသည်။

အဆိုပါမူဝါဒသည် ချင်းပြည်၏ စစ်အာဏာရှင်တော်လှန်ရေးတွင် စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့သူများနှင့် နစ်နာဆုံးရှုံးခဲ့သူများ အတွက် မူဝါဒချမှတ်၍ အထူးအစီအမံများ ပြုလုပ်ပေးရမည်၊ ပြန်လည်ကုစားနိုင်ရန် စီမံဆောင်ရွက်ပေးရမည်ဟူ၍ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) ၏ ပုဒ်မ ၃၂ – တ နှင့် ပုဒ်မ ၆၅ (ဌ)တို့တွင် ပြဌာန်းထားသည်။

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ကို CNF အစုအဖွဲ့မှ ၃ ဦး၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ၃ ဦး၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းပြီး အောက်တိုဘာလဆန်းက ကျင်းပသော အဆိုပါဦးဆောင်အဖွဲ့ အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ဝင် ၂၂ ဦး တက်ရောက်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းမြောက်တီးတိန် ပို့မည့် ကျပ် ၂ ဘီလီယံကျော်တန် ဘိန်းဖြူများနှင့် လူ ၇ ဦးကို ကလေးမြို့အနီး ဖမ်းမိ

ZCDF- Zo Army ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း

အမဲလိုက်ရာမှ သားကောင်ဟု အထင်မှားပစ်ခတ်မိ၍ ချင်းအမျိုးသားတစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 16, 2026

စစ်ရေးနှင့် နိုင်ငံရေးကို မဟာမိတ်အင်အားစုများနှင့် လက်တွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဟု CPU/ CPA ဆို

November 16, 2026

ချင်းမြောက်တီးတိန် ပို့မည့် ကျပ် ၂ ဘီလီယံကျော်တန် ဘိန်းဖြူများနှင့် လူ ၇ ဦးကို ကလေးမြို့အနီး ဖမ်းမိ

November 16, 2026

ချင်း-မကွေး အစပ်ဒေသမှာ စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံး၊ ထောင်နှင့်ချီသော စစ်ဘေးရှောင်များ အခက်အခဲကြုံနေရဟု AAPP ပြော

November 13, 2026

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.