ခိုင်ကမ်းမြို့တွင် ချင်းအမျိုးသားနေ့အား စည်ကားစွာကျင်းပမည်

0

By လားနွန် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် (၇၁) နှစ်မြောက်ချင်းအမျိုးသားနေ့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးလျန်ဒါးလ်ကပြောသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့အထိ ခိုင်ကမ်းမြို့၊ မြို့မအားကစားကွင်းတွင် (၂) ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ချင်းအမျိုးသားနေ့အခမ်းအနားအစီအစဉ်တွင် ရိုးရာအစားအစာရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲအမျိုးမျိုးများနှင့် ကံစမ်းမဲဖောက်ခြင်းများ၊ ညအစီအစဉ်၌ ရိုးရာအကများ၊ ရိုးရာဝတ်စုံပြပွဲများနှင့် Stage Show များပါဝင်မည်ဖြစ်ကြောင်း ဦးလျန်ဒါးလ်ကပြောသည်။

ချင်းအမျိုးသားနေ့ကို ခိုင်ကမ်းမြို့တွင် ၂၀၁၈ နှစ်မှစတင်ကာ ကျင်းပခဲ့ကြသည်ဟုသိရသည်။

Share.

About Author

Leave A Reply

*

code