မီဇိုရမ်တွင် COVID-19 ပိုးတွေ့လူနာဦးရေမြင့်တက်၊ ရပ်ကွက်တစ်ချို့ကို Lockdown ချ

0

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု တဖြည်းဖြည်းမြင့်တက်လာပြီး ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ ရပ်ကွက်တစ်ချိူ့ကို Lockdown ချထားလိုက်ပြီဟုသိရသည်။

မီဇိုရပြည်နယ်အစိုးရအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန၏ သြဂုတ်လ ၁၁ ရက်နေ့စာရင်းအရ မီဇိုရမ်ပြည်တစ်ပြည်နယ်လုံးတွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၆၂၃) အထိ မြင့်တက်လာပြီး ယင်းအနက် (၃၂၃) ဦးသည် သက်သာပျောက်ကင်းကာ (၃၀၀) ဦးသည် ဆေးကုသမှုခံယူနေကြဆဲဟု သိရသည်။

ပြည်နယ်၏ မြို့တော်အိုင်ဇောလ်မြို့သည် ပိုးတွေ့လူနာအများဆုံးဖြစ်ကာ ၂၀၇ ဦးရှိပြီး၊ Lunglei တွင် ၃၆ ဦး၊ Kolasib တွင် ၄၆ ဦး၊ Champhai တွင် ၃ ဦး၊ Serchhip တွင် ၃ ဦး၊ Lawngtlai တွင် ၃ ဦး၊ Hnahthial တွင် ၁ ဦး နှင့် Saitual တွင် ၁ ဦး တို့ ဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူအများစုမှာ အိန္ဒိယပြည်မဘက်မှ နေရပ်ပြန်လာကာ ကွာရန်တင်းဝင်ထားကြသူများဖြစ်ကြသော်လည်း ယခု ရက်ပိုင်းအတွင်း နေရပ်ပြန်မဟုတ်ဘဲ မြို ့​နေလူထုအတွင်း ကူးစက်ပြန့်ပွားမှုများရှိလာသည့်အတွက် အိုင်ဇောလ်မြို့၏ ရပ်ကွက်တစ်ချိူ့ကို Lockdown ချထား ကြသည်ဟု သိရသည်။

Lockdown ချထားသည့် ရပ်ကွက်များမှာ Dawrpui Vengthar, Electric, Kulikawn, Melriat, Mission Vengthlang, Republic, Sairang, Tuikual South နှင့် Venghlui ရပ်ကွက်တို့ဖြစ်သည်။

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု တဖြည်းဖြည်းမြင့်တက်လာပြီး ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ ရပ်ကွက်တစ်ချို့ကို Lockdown ချထားလိုက်ပြီဟုသိရသည်။



မီဇိုရမ်ပြည်နယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံထားရသူအများစုမှာ အိန္ဒိယပြည်မဘက်မှ နေရပ်ပြန်လာကာ ကွာရန်တင်းဝင်ထားကြသူများဖြစ်ကြသော်လည်း ယခု ရက်ပိုင်းအတွင်း နေရပ်ပြန်မဟုတ်ဘဲ မြို့ ​နေလူထုအတွင်း ကူးစက်ပြန့်ပွားမှုများရှိလာသည့်အတွက် အိုင်ဇောလ်မြို့၏ ရပ်ကွက်တစ်ချို့ကို Lockdown ချထား ကြသည်ဟု သိရသည်။


Share.

About Author

Leave A Reply