Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မဲဆန္ဒနယ်မြေ ၅၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မဲဆန္ဒနယ်မြေ ၅၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

0
By Editor on August 13, 2020 Headline

#Unicode

လာမည့်နိုဝင်ဘာ ၈ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီက မဲဆန္ဒနယ်မြေ ၅၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သြဂုတ် ၁၀ ရက်ထုတ်ပြန်ကြေညာလိုက်သည်။ 

CNLD ပါတီအနေဖြင့် ချင်းပြည်နယ်တစ်ပြည်နယ်လုံးအပြင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ  မဲဆန္ဒနယ်မြေ ၄၈ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း မဲဆန္ဒနယ်မြေ ကိုးနေရာထပ်တိုးကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း  CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ 

“ ဒီအချိန်မှာ ကိုယ့်ချင်းအမျိုးသား ရေးတွေရဲ့ ရပိုင်ခွင့် ပင်လုံမှာကတည်းက ဆုံးရှုံးနစ်နာခဲ့တဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ဖက်ဒရယ်အရေးနဲ့ တန်းတူရေးတို့ ပြန်လည်ရရှိနိုင်ဖို့အတွက် ဒီချိန်မှာ ကိုယ့်အမျိူးသားပါတီနဲ့ ရပ်တည်ဖို့အလိုအပ်ဆုံးဖြစ်တယ်’’ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော CNLD ၏ ကြေညာချက်တွင် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၃၇ နေရာ၊ မကွေးတိုင်းဒေသကြီး မင်းလှ၊ မင်းတုန်း၊ ဆော၊ဂန့်ဂေါ၊ တောင်တွင်းကြီး၊ ငဖဲ နှင့် ထီးလင်းမြို့နယ်တို့တွင် ၁၀ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် လေးနေရာ၊ တမူးမြို့နယ်တွင်သုံးနေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တစ်နေရာစီဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ဖော်ပြထားသည်။ 

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီသည် ချင်းပါတီသုံးပါတီ (CPP၊ CNDP၊CLD) တို့ကို ပူပေါင်းဖွဲ့စည်း ထားသည့် ပါတီဖြစ်ပြီး ချင်းပြည်နယ်တွင် NLD နှင့် USDP ပါတီတို့အတွက် အဓိကပြိုင်ဘက်ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။  

ဆလိုင်းကျဲအိုဘိခ်ထောင်က “ ကျွန်တော်တို့က သုံးပါတီကနေ တစ် ပါတီဖြစ်ပွားသွားတဲ့အခါကျတော့  အင်းအားလည်းပို ပြီးတော့တောင့် တင်းခိုင်မာ လာတယ်၊ လူထုကလည်းပဲ စည်းလုံးညီညွတ်မှုအင်းအားကို တခဲနက်   ထောက်ခံပြီး ချင်းအမျိုးသားပြန်လည်တည်ဆောက်ရေးနဲ့ကျွန်တော်တို့ ချင်းလူမျိုး များရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာ မှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ဒီတခေါက် ကတော့ စည်းစည်းလုံးလုံံးနဲ့ ချင်းပါတီ (CNLD ) ပါတီမှာပဲ တခဲနက်ရပ်တည်ပေး မယ်လို့ယူဆပါတယ်” ဟု ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် CPP၊ CNDP၊ CLD ပါတီတို့သည် တစ်ပါတီချင်းစီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေ တစ်နေရာမှ အနိုင်ရရှိခြင်းမရှိခဲ့ပေ။

#Zawgyi

လာမည့်နိုဝင်ဘာ ၈ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီက မဲဆန္ဒနယ်မြေ ၅၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သြဂုတ် ၁၀ ရက်ထုတ်ပြန်ကြေညာလိုက်သည်။ 


“ ဒီအချိန်မှာ ကိုယ့်ချင်းအမျိုးသား ရေးတွေရဲ့ ရပိုင်ခွင့် ပင်လုံမှာကတည်းက ဆုံးရှုံးနစ်နာခဲ့တဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ဖက်ဒရယ်အရေးနဲ့ တန်းတူရေးတို့ ပြန်လည်ရရှိနိုင်ဖို့အတွက် ဒီချိန်မှာ ကိုယ့်အမျိုးသားပါတီနဲ့ ရပ်တည်ဖို့အလိုအပ်ဆုံးဖြစ်တယ်’’ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။


ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီသည် ချင်းပါတီသုံးပါတီ (CPP၊ CNDP၊CLD) တို့ကို ပူပေါင်းဖွဲ့စည်း ထားသည့် ပါတီဖြစ်ပြီး ချင်းပြည်နယ်တွင် NLD နှင့် USDP ပါတီတို့အတွက် အဓိကပြိုင်ဘက်ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။  

ဆလိုင်းကျဲအိုဘိခ်ထောင်က “ ကျွန်တော်တို့က သုံးပါတီကနေ တစ် ပါတီဖြစ်ပွားသွားတဲ့အခါကျတော့  အင်းအားလည်းပို ပြီးတော့တောင့် တင်းခိုင်မာ လာတယ်၊ လူထုကလည်းပဲ စည်းလုံးညီညွတ်မှုအင်းအားကို တခဲနက်   ထောက်ခံပြီး ချင်းအမျိုးသားပြန်လည်တည်ဆောက်ရေးနဲ့ကျွန်တော်တို့ ချင်းလူမျိုး များရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာ မှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ဒီတခေါက် ကတော့ စည်းစည်းလုံးလုံးနဲ့ ချင်းပါတီ (CNLD ) ပါတီမှာပဲ တခဲနက်ရပ်တည်ပေး မယ်လို့ယူဆပါတယ်” ဟု ပြောသည်။ 


Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.