Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၀ဘူလေတာင္တြင္ ခရိုမိုက္တူးေဖာ္ရန္ေဆာင္ရြက္ေနမႈ စစ္ကို္င္းလႊတ္ေတာ္တြင္ ေမးခြန္းထုတ္

၀ဘူလေတာင္တြင္ ခရိုမိုက္တူးေဖာ္ရန္ေဆာင္ရြက္ေနမႈ စစ္ကို္င္းလႊတ္ေတာ္တြင္ ေမးခြန္းထုတ္

0
By Editor on August 27, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်နိမိတ်အနီး ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာ တွင်တည်ရှိ သော ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ ခရိုမိုက်သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွ က်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရကို သဘောထားမှတ်ချက်တစ်စုံတစ်ရာတောင်းခံ ခြင်းမရှိခဲ့ ကြောင်း ကလေးမြို့နယ်အမှတ်(၁) တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ်သော (၂၄) ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးပုံမှန်အစည် းအဝေးတွင် ဒေါ်သန့်ဝေကျော်က ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ သတ္တုတူးဖော်ရန်ဆောင်ရွက်နေမှုအပေါ် တိ်ုင်းအစိုးရအနေဖြင့် ပြည်ထောင်စုနှင့် ချိတ်ဆက်၍ မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာတွင် စစ်ကိုင်းတိုင်းအစိုးရကိုယ်စား ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

“ဝန်ကြီးအနေနဲ့ကတော့ အဓိက ကျမတို့စစ်ကိုင်းတိုင်းဘက်ခြမ်းမှာပါတဲ့ (၄၆) ဧက ညွှန်းထားတာကတော့ ပြည်နယ်မြေစာရင်းအနေနဲ့ကတော့ အဲလိုညွှန်းထားတာရှိတယ် ဒါပေမဲ့ ဒီ (၄၆) ဧကနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီဘက်ကလည်း စမ်းသပ်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တိုင်းအစိုးရအဖွဲ့ထံတင်ပြထားတာမရှိပါဘူး ပြည်ထောင်စုကနေလည်း သဘောထားမှတ်ချက်တောင်းခံထားတာလည်းတစ်ခုမှမရှိပါဘူး အကယ်၍ စစ်ကိုင်းတိုင်းဘက်ခြမ်းနဲ့ ပတ်သက်ပြီးတော့မှ ဒီလိုမျိုးတင်ပြလာတာ သဘောထားမှတ်ချက်တောင်းခံလာတယ် ဆိုလို့ရှိရင်တော့ ဒေသခံတွေရဲ့ သဘောဆန္ဒတွေကိုရယူပြီးတော့ တုံ့ပြန်ပါမယ်လို့ဖြေသွားပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။

ဝေဘူလတောင်သည် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာတွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီးတွင်တည်ရှိသည်။

ဖိုးလမင်းသာသာ ကုမ္ပဏီမှ ဝေဘူလတောင်တွင် ခရိုင်မိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်း လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးနိုင်သည့်အတွက်ကြောင့် စစ်ကိုင်းတိုင်းဘက်ခြမ်း ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ်စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြသည်။

ကုမ္ပဏီမှ လုပ်ငန်းအကောင်အထည်ဖော်ရန် လမ်းဖောက်လုပ်ခြင်း အဆောက်အဦးတည်ဆောက်မှုများရှိခြင်းကြောင့် ကလေးမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ရပ်တန့်စေခဲ့ခြင်းဖြစ်သည်။

ဒေါ်သန့်ဝေကျော်က “စီမံကိန်းကိုသေချာပြန်ကြည့်လို့ရှိရင် ချင်းပြည်နယ်ဘက်ခြမ်းနဲ့ အများကြီးသက်ဆိုင်တယ်လို့ထင်ရပေမဲ့ တကယ်တကယ် စီမံကိန်းရဲ့ဆိုးကျိုး စီမံကိန်းကနေထွက်လာမယ့် စွန်ပစ်မြေစာပဲဖြစ်ဖြစ် ကျမတို့ရဲ့ ရေအရင်းအမြစ်တွေဖြစ်ဖြစ် ဒါတွေကတော့ ကျမတို့ဘက်ကနေအများကြီးသက်ဆိုင်သွားတဲ့အတွက် တကယ့်တကယ် သဘာဝပတ်ဝန်းကျင်ဘယ်လောက်ထိ ထိခိုက်နိုင်တယ်ဆိုတဲ့ စစ်တမ်းတွေမထွက်ပေမဲ့ ဒီတိုင်းတွေးလို့ရှိရင်တောင် ဒါကျမတို့ဒေသခံများကလည်းလက်ခံနိုင်မှာ မဟုတ်ဘူး’’ ဟု ပြောသည်။

ချင်းပြည်နယ်တွင် ခရိုမိုက်သတ္တုသည် ဖလမ်းခရိုင် တီးတိန်၊ တွန်းဇံမြို့နယ် မြွေတောင်ဖားတောင်တွင် အများဆုံးထွက်ရှိပြီး ဒုတိယမှာ ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းဒေသ ဝေဘူလတောင်ဟု သိရသည်။

#Zawgyi

By လားနြန္ – ခ်င္းျပည္နယ္နွင့္ စစ္ကိုင္းတိုင္းေဒသျကီးနယ္နိမိတ္အနီး ဖလမ္းခရိုင္ ဆီးယင္းသစ္ေတာျကိုးဝိုင္းဧရိယာ တြင္တည္ရွိ ေသာ ေဝဘူလေတာင္တြင္ ဖိုးလမင္းသာသာကုမၸဏီမွ ခရိုမိုက္သတၱုတူးေဖာ္ေရးလုပ္ငန္းေဆာင္ရြ က္မႈနွင့္ပတ္သက္၍ တိုင္းေဒသျကီးနွင့္ ျပည္ေထာင္စုအစိုးရကို သေဘာထားမွတ္ခ်က္တစ္စံုတစ္ရာေတာင္းခံ ျခင္းမရွိခဲ့ ေျကာင္း ကေလးျမို့နယ္အမွတ္(၁) တိုင္းေဒသလွြတ္ေတာ္ကိုယ္စားလွယ္ ေဒၚသန့္ေဝေက်ာ္ကေျပာသည္။

ျသဂုတ္လ ၂၆ ရက္ေန့က က်င္းပျပုလုပ္ေသာ (၂၄) ျကိမ္ေျမာက္ စစ္ကိုင္းတိုင္းေဒသျကီးပံုမွန္အစည္ းအေဝးတြင္ ေဒၚသန့္ေဝေက်ာ္က ေဝဘူလေတာင္တြင္ ဖိုးလမင္းသာသာကုမၸဏီမွ သတၱုတူးေဖာ္ရန္ေဆာင္ရြက္ေနမႈအေပၚ တို္င္းအစိုးရအေနျဖင့္ ျပည္ေထာင္စုနွင့္ ခ်ိတ္ဆက္၍ မည္ကဲ့သို့ေဆာင္ရြက္မည္ကို သိရွိလိုေျကာင္း ေမးျမန္းခဲ့ရာတြင္ စစ္ကိုင္းတိုင္းအစိုးရကိုယ္စား ခ်င္းေရးရာဝန္ျကီး ဦးလာလ္ေထာင္ထန္းက ထိုကဲ့သို့ျပန္လည္ေျဖျကားခဲ့သည္ဟု သိရသည္။

“ဝန္ျကီးအေနနဲ့ကေတာ့ အဓိက က်မတို့စစ္ကိုင္းတိုင္းဘက္ျခမ္းမွာပါတဲ့ (၄၆) ဧက ညွြန္းထားတာကေတာ့ ျပည္နယ္ေျမစာရင္းအေနနဲ့ကေတာ့ အဲလိုညွြန္းထားတာရွိတယ္ ဒါေပမဲ့ ဒီ (၄၆) ဧကနဲ့ ပတ္သက္ျပီးေတာ့ ကုမၸဏီဘက္ကလည္း စမ္းသပ္မႈနဲ့ ပတ္သက္လို့ တစ္စံုတစ္ရာ တိုင္းအစိုးရအဖြဲ့ထံတင္ျပထားတာမရွိပါဘူး ျပည္ေထာင္စုကေနလည္း သေဘာထားမွတ္ခ်က္ေတာင္းခံထားတာလည္းတစ္ခုမွမရွိပါဘူး အကယ္၍ စစ္ကိုင္းတိုင္းဘက္ျခမ္းနဲ့ ပတ္သက္ျပီးေတာ့မွ ဒီလိုမ်ိုးတင္ျပလာတာ သေဘာထားမွတ္ခ်က္ေတာင္းခံလာတယ္ ဆိုလို့ရွိရင္ေတာ့ ေဒသခံေတြရဲ့ သေဘာဆနၵေတြကိုရယူျပီးေတာ့ တံု့ျပန္ပါမယ္လို့ေျဖသြားပါတယ္” ဟု တိုင္းေဒသျကီးလွြတ္ေတာ္ကိုယ္စားလွယ္ ေဒၚသန့္ေဝေက်ာ္ကေျပာသည္။

ေဝဘူလေတာင္သည္ ဖလမ္းခရိုင္ ဆီးယင္းသစ္ေတာျကိုးဝိုင္းဧရိယာတြင္တည္ရွိျပီး စစ္ကိုင္းတိုင္းေဒသျကီး ကေလးျမို့အနီးတြင္တည္ရွိသည္။

ဖိုးလမင္းသာသာ ကုမၸဏီမွ ေဝဘူလေတာင္တြင္ ခရိုင္မိုက္တူးေဖာ္ေရးလုပ္ငန္းေဆာင္ရြက္ပါက ေတာင္ေျခရွိ စစ္ကိုင္းတိုင္းဘက္ျခမ္း လယ္ယာေျမအေျမာက္အမ်ားပ်က္စီးဆံုးရံႈးနိုင္သည့္အတြက္ေျကာင့္ စစ္ကိုင္းတိုင္းဘက္ျခမ္း ေက်းရြာအုပ္စု (၃) အုပ္စု ငါးဖားအုပ္စု၊ နတ္ေခ်ာင္းအုပ္စုနွင့္ ေထာက္ျကံ့အုပ္စုတို့မွ ကန့္ကြက္ခဲ့ျကသည္။

ကုမၸဏီမွ လုပ္ငန္းအေကာင္အထည္ေဖာ္ရန္ လမ္းေဖာက္လုပ္ျခင္း အေဆာက္အဦးတည္ေဆာက္မႈမ်ားရွိျခင္းေျကာင့္ ကေလးျမို့နယ္အုပ္ခ်ုပ္ေရးတာဝန္ရွိသူမ်ားနွင့္ အရပ္ဘက္အဖြဲ့အစည္းမ်ားက ျပီးခဲ့သည့္ ဇူလိုင္လ ၇ ရက္ေန့က သြားေရာက္ကြင္းဆင္းစစ္ေဆးမႈမ်ားျပုလုပ္ခဲ့ျပီးေနာက္ ရပ္တန့္ေစခဲ့ျခင္းျဖစ္သည္။

ေဒၚသန့္ေဝေက်ာ္က “စီမံကိန္းကိုေသခ်ာျပန္ျကည့္လို့ရွိရင္ ခ်င္းျပည္နယ္ဘက္ျခမ္းနဲ့ အမ်ားျကီးသက္ဆိုင္တယ္လို့ထင္ရေပမဲ့ တကယ္တကယ္ စီမံကိန္းရဲ့ဆိုးက်ိုး စီမံကိန္းကေနထြက္လာမယ့္ စြန္ပစ္ေျမစာပဲျဖစ္ျဖစ္ က်မတို့ရဲ့ ေရအရင္းအျမစ္ေတြျဖစ္ျဖစ္ ဒါေတြကေတာ့ က်မတို့ဘက္ကေနအမ်ားျကီးသက္ဆိုင္သြားတဲ့အတြက္ တကယ့္တကယ္ သဘာဝပတ္ဝန္းက်င္ဘယ္ေလာက္ထိ ထိခိုက္နိုင္တယ္ဆိုတဲ့ စစ္တမ္းေတြမထြက္ေပမဲ့ ဒီတိုင္းေတြးလို့ရွိရင္ေတာင္ ဒါက်မတို့ေဒသခံမ်ားကလည္းလက္ခံနိုင္မွာ မဟုတ္ဘူး’’ ဟု ေျပာသည္။

ခ်င္းျပည္နယ္တြင္ ခရိုမိုက္သတၱုသည္ ဖလမ္းခရိုင္ တီးတိန္၊ တြန္းဇံျမို့နယ္ ျမြေတာင္ဖားေတာင္တြင္ အမ်ားဆံုးထြက္ရွိျပီး ဒုတိယမွာ ဖလမ္းျမို့နယ္ ဆီးယင္းသစ္ေတာျကိုးဝိုင္းေဒသ ေဝဘူလေတာင္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

ချင်းတောင်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် ချင်းတော်လှန် ရေးတပ်များ တိုက်ပွဲဆက်ဖြစ်၊ ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်

CNO/CNDF ထုတ်ပြန်ချက်ကို IMC ကန့်ကွက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.