Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကေလးၿမိဳ႕ပိုးေတြ႔လူနာ ၃ ဦးႏွင့္ ထိေတြ႔မႈရွိသူမ်ား ရွာေဖြေနဆဲ

ကေလးၿမိဳ႕ပိုးေတြ႔လူနာ ၃ ဦးႏွင့္ ထိေတြ႔မႈရွိသူမ်ား ရွာေဖြေနဆဲ

0
By Editor on September 29, 2020 Khonumthung

#Unicode

By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်သည့် အမျိူးသမီး (၃) ဦးနှင့်ထိတွေ့မှုရှိခဲ့သူများ ကို စုံစမ်းရှာဖွေနေဆဲဟု ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီးကပြောသည်။

“မနေ့ည တွေ့တဲ့ Positive ဟာက စမ်းမြို့ရပ်ကွက်မှာနေတဲ့သူတွေပါ၊ သူတို့က အရင်ပိုးတွေ့လူနာရဲ့ Second Contact တွေပေါ့ ၊ မနေ့ကတွေ့ထားတဲ့ Positive လူနာတွေရဲ့ Contact တွေကို ခုရှာနေတယ်၊ သူတို့ကို မနေ့ညက ဆေးရုံကို တော့ပို့လိုက်ပြီ” ဟု ဒေါ်ရှားမီးကပြောသည်။

အဆိုပါ ပိုးတွေ့လူနာသုံးဉီးမှာ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက်တွင် နေထိုင်သည့် အသက်( ၄၈)နှစ် ၊ (၄၂)နှင့် (၃၈) နှစ်အရွယ် အမျိုးသမီးများဖြစ်ကြပြီး ကလေးတက္ကသိုလ် ကွာရန်တင်းဝင်ရောက်နေသူများဖြစ်သည်။

၎င်းတို့ကို ကလေးခရိုင် ကုတင်(၃၀၀) ဆံ့ဆေးရုံ (တိုင်းရင်း ဆေးရုံကြီး ၊ကလေးမြို့ ) သို့ ပို့ဆောင်ပြီး ကုသမှုခံယူ လျက်ရှိသည်ဟုသိရသည်။

ကလေးမြို့ တိုင်းရင်းဆေးရုံတွင်ကုသမှုခံယူနေသော (ကံကြီးကျေးရွာ) မှ ကိုဗစ်လူနာအသက် (၂၀ နှင့် ၂၂) နှစ်အရွယ် အမျိုးသမီး (၂) ဦး၏ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် Negative ပြသည့်အတွက် ၂၆-၉-၂၀၂၀ နေ့က ဆေးရုံမှ ဆင်းသွားခဲ့ကြပြီးဖြစ်သည်။

ကလေးမြို့ ကိုဗစ် -၁၉ (Second Wave ) တွင် ပိုးတွေ့ လူနာ (၁၁) ဦးထိရှိခဲ့ပြီး (၃) ဦးမှာ ဆေးရုံမှဆင်းပြီး လက်ရှိတွင်ပိုးတွေ့လူနာ ၈ ဦး ကုသမှုခံယူလျှက်ရှိသည်။

#Zawgyi

By ႏွင္းႏွင္း – စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါပိုး ထပ္မံကူးစက္သည့္ အမ်ဴိးသမီး (၃) ဦးႏွင့္ထိေတြ႔မႈရွိခဲ့သူမ်ား ကို စံုစမ္းရွာေဖြေနဆဲဟု ကေလးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚရွားမီးကေျပာသည္။

“မေန႔ည ေတြ႕တဲ့ Positive ဟာက စမ္းၿမိဳ႕ရပ္ကြက္မွာေနတဲ့သူေတြပါ၊ သူတို႔က အရင္ပိုးေတြ႕လူနာရဲ့ Second Contact ေတြေပါ့ ၊ မေန႔ကေတြ႕ထားတဲ့ Positive လူနာေတြရဲ့ Contact ေတြကို ခုရွာေနတယ္၊ သူတို႔ကို မေန႔ညက ေဆး႐ုံကို ေတာ့ပို႔လိုက္ၿပီ” ဟု ေဒၚရွားမီးကေျပာသည္။

အဆိုပါ ပိုးေတြ႕လူနာသုံးဉီးမွာ ကေလးၿမိဳ႕ ၊ စမ္းၿမိဳ႕ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္( ၄၈)ႏွစ္ ၊ (၄၂)ႏွင့္ (၃၈) ႏွစ္အရြယ္ အမ်ိဳးသမီးမ်ားျဖစ္ၾကၿပီး ကေလးတကၠသိုလ္ ကြာရန္တင္း၀င္ေရာက္ေနသူမ်ားျဖစ္သည္။

၎တို႔ကို ကေလးခရိုင္ ကုတင္ (၃၀၀) ဆံ့ေဆး႐ုံ (တိုင္းရင္း ေဆး႐ုံႀကီး ၊ကေလးၿမိဳ႕ ) သို႔ ပို႔ေဆာင္ၿပီး ကုသမႈခံယူ လ်က္ရွိသည္ဟုသိရသည္။

ကေလးၿမိဳ႕ တိုင္းရင္းေဆး႐ုံတြင္ကုသမႈခံယူေနေသာ (ကံႀကီးေက်းရြာ) မွ ကိုဗစ္လူနာအသက္ (၂၀ ႏွင့္ ၂၂) ႏွစ္အရြယ္ အမ်ိဳးသမီး (၂) ဦး၏ ဓာတ္ခြဲစစ္ေဆးမႈ ႏွစ္ႀကိမ္ဆက္တိုက္ Negative ျပသည့္အတြက္ ၂၆-၉-၂၀၂၀ ေန႔က ေဆး႐ုံမွ ဆင္းသြားခဲ့ၾကၿပီးျဖစ္သည္။

ကေလးၿမိဳ႕ ကိုဗစ္ -၁၉ (Second Wave ) တြင္ ပိုးေတြ႕ လူနာ (၁၁) ဦးထိရွိခဲ့ၿပီး (၃) ဦးမွာ ေဆး႐ုံမွဆင္းၿပီး လက္ရွိတြင္ပိုးေတြ႕လူနာ ၈ ဦး ကုသမႈခံယူလၽွက္ရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.