Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္က်င္းပသည့္ အေထြေထြေရြးေကာက္ပြဲတြင္ ပယ္မဲ ၂ေသာင္း ေက်ာ္ရွိ

ခ်င္းျပည္နယ္တြင္က်င္းပသည့္ အေထြေထြေရြးေကာက္ပြဲတြင္ ပယ္မဲ ၂ေသာင္း ေက်ာ္ရွိ

0
By Editor on November 12, 2020 Headline

#Unicode

By Benezer – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရှိ မဲဆ္ဒရှင်များမှ မဲပေးရာတွင် ပယ်မဲ ၂ သောင်းကျော်ရှိခဲ့ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဉီးလင်းကျော်ကပြောသည်။

“ပယ်မဲက ၂၀၁၅ နဲ့ယှဉ်ရင်တော့နည်းတာတွေ့ရတယ်၊ ဒါပေမယ့် အခုလိုပမာဏကိုလဲမကြိုက်ဘူး၊ ပယ်မဲဆိုတာက နည်းနိုင်သမျှနည်းရမယ်၊ များသောအားဖြင့်တော့ အသက် ၆ဝကျော်တွေကို ကြိုတင်မဲ ပေးခိုင်းတာဖြစ်တဲ့အတွက် အဲဒီမှာ များတယ်လို့ထင်တယ်၊ တစ်ချို့ကျတော့ နှစ်နေရာမှာ တံဆိပ်ထုတာတို့၊ ဖျက်သိမ်းသွားတဲ့ UDP ပါတီနေရာမှာ တံဆိပ်ထုတာတို့ရှိတယ်၊ ပြီးတော့ ဒီနှစ်က ကိုဗစ်ဖြစ်နေတော့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးတာတွေ ထင်သလောက်မလုပ်နိုင်ခဲ့တာလဲပါတယ်”ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဉီးလင်းကျော်မှပြောသည်။

ချင်းပြည်နယ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပယ်မဲအဖြစ် ပြည်သူ့လွှတ်တော်တွင် ၇၈၄၁ မဲ ပြည်နယ်လွှတ်တော်တွင် ၆၂၀၀ မဲ နှင့် အမျိုးသားလွှတ်တော်တွင် ၆၅၇၈ မဲ စုစုပေါင်း ၂၀၆၁၉ မဲရှိကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရသိရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင် ၂၈၆၃၀၈ ဦးရှိခဲ့ပြီး မဲလာပေးသည့် မဲအရေအတွက်မှာ ပြည်သူ့လွှတ်တော်တွင် ၂၂၂၉၀၅ မဲ၊ ပြည်နယ်လွှတ်တော်တွင် ၂၁၇၁၅၂မဲ၊ အမျိုးသားလွှတ်တော်တွင် ၂၁၆၉၆၄မဲ အသီးသီးရှိကြောင်းသိရသည်။

၂၀၂ဝအထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ကာလမှာ ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ရွေးကောက်ပွဲဆိုင်အရာအသိပညာပေးမှု၊ မဲရုံမှူးသင်တန်း၊ မဲရုံဝန်ထမ်းသင်တန်း နှင့် အခြားပညာပေးအစီအစဉ် များလုပ်ဆောင်ရာတွင် အဘက်ဘက်မှ အားနည်းမှုရှိခဲ့ကြောင်း ဉီးလင်းကျော်ကပြောသည်။

“ဒီနှစ်ကတော့ ၂၀၁၅နဲ့စာရင် ကိုဗစ်ဖြစ်နေတော့ ပညာပေးတာတွေ၊ သင်တန်းပေးတာတွေ အရမ်းအားနည်းသွားတယ်၊ ကျနော်တို့ကော်မရှင်ဘက်ကဘဲဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းတွေဘဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေကဘဲဖြစ်ဖြစ် ကိုဗစ်ကြောင့် အကုန်အခက်တွေ့သွားတယ်၊ ပလက်ဝဘက်ဆိုပိုဆိုးတယ် သွားလို့လာလို့မရတော့ ပိုခက်ခဲတယ်၊ အဲဒါကြောင့် မဲရုံဝန်ထမ်းအချို့လဲ သေချာသင်တန်းမပေးနိုင်တော့ စည်းကမ်းပိုင်းမှာ အားနည်းတာတစ်ချို့ရှိခဲ့တယ်”ဟု ဉီးလင်းကျော်ကပြောသည်။

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ရောဂါပြန့်ပွားနေသည့် ကာလဖြစ်သဖြင့် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်း ပေးရန် နိုင်ငံရေးပါတီများက တောင်းဆိုမှုအချို့ရှိခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နဂိုသတ်မှတ်ထားသည့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်အတိုင်း မဲရုံအတော်များများတွင်ဆောင်ရွက်ခြင်းမရှိဟုဆိုကာ ဝေဖန်မှုများလည်းရှိနေခဲ့သည်။

#Zawgyi

နိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့သည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္ရွိ မဲဆၵရွင္မ်ားမွ မဲေပးရာတြင္ ပယ္မဲ ၂ေသာင္းေက်ာ္ရွိခဲ့ေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမႉး ဉီးလင္းေက်ာ္ကေျပာသည္။ 

“ပယ္မဲက ၂၀၁၅ နဲ႔ယွဥ္ရင္ေတာ့နည္းတာေတြ႕ရတယ္၊ ဒါေပမယ့္ အခုလိုပမာဏကိုလဲမႀကိဳက္ဘူး၊ ပယ္မဲဆိုတာက နည္းနိုင္သမၽွနည္းရမယ္၊ မ်ားေသာအားျဖင့္ေတာ့ အသက္ ၆၀ေက်ာ္ေတြကို ႀကိဳတင္မဲ ေပးခိုင္းတာျဖစ္တဲ့အတြက္ အဲဒီမွာ မ်ားတယ္လို႔ထင္တယ္၊ တစ္ခ်ိဳ႕က်ေတာ့ ႏွစ္ေနရာမွာ တံဆိပ္ထုတာတို႔၊ ဖ်က္သိမ္းသြားတဲ့ UDP ပါတီေနရာမွာ တံဆိပ္ထုတာတို႔ရွိတယ္၊ ၿပီးေတာ့ ဒီႏွစ္က ကိုဗစ္ျဖစ္ေနေတာ့ ေရြးေကာက္ပြဲဆိုင္ရာအသိပညာေပးတာေတြ ထင္သေလာက္မလုပ္နိုင္ခဲ့တာလဲပါတယ္”ဟု ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဉီးလင္းေက်ာ္မွေျပာသည္။

ခ်င္းျပည္နယ္တြင္က်င္းပခဲ့သည့္ ေရြးေကာက္ပြဲတြင္ ပယ္မဲအျဖစ္ ျပည္သူ႔လႊတ္ေတာ္တြင္ ၇၈၄၁ မဲ ျပည္နယ္လႊတ္ေတာ္တြင္ ၆၂၀၀ မဲ ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တြင္ ၆၅၇၈ မဲ စုစုေပါင္း ၂၀၆၁၉ မဲရွိေၾကာင္း ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္၏ စာရင္းအရသိရသည္။

ယခုႏွစ္ေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္အတြင္း မဲဆႏၵရွင္ ၂၈၆၃၀၈ ဦးရွိခဲ့ၿပီး မဲလာေပးသည့္ မဲအေရအတြက္မွာ ျပည္သူ႔လႊတ္ေတာ္တြင္ ၂၂၂၉၀၅ မဲ၊ ျပည္နယ္လႊတ္ေတာ္တြင္ ၂၁၇၁၅၂မဲ၊ အမ်ိဳးသားလႊတ္ေတာ္တြင္ ၂၁၆၉၆၄မဲ အသီးသီးရွိေၾကာင္းသိရသည္။

၂၀၂၀အေထြေထြေရြးေကာက္ပြဲ က်င္းပသည့္ကာလမွာ ကိုဗစ္ေရာဂါျဖစ္ပြားေနသည့္ကာလျဖစ္သျဖင့္ ေရြးေကာက္ပြဲဆိုင္အရာအသိပညာေပးမႈ၊ မဲ႐ုံမႉးသင္တန္း၊ မဲ႐ုံဝန္ထမ္းသင္တန္း ႏွင့္ အျခားပညာေပးအစီအစဥ္ မ်ားလုပ္ေဆာင္ရာတြင္ အဘက္ဘက္မွ အားနည္းမႈရွိခဲ့ေၾကာင္း ဉီးလင္းေက်ာ္ကေျပာသည္။

“ဒီႏွစ္ကေတာ့ ၂၀၁၅နဲ႔စာရင္ ကိုဗစ္ျဖစ္ေနေတာ့ ပညာေပးတာေတြ၊ သင္တန္းေပးတာေတြ အရမ္းအားနည္းသြားတယ္၊ က်ေနာ္တို႔ေကာ္မရွင္ဘက္ကဘဲျဖစ္ျဖစ္၊ အျခားအဖြဲ႕အစည္းေတြဘဲျဖစ္ျဖစ္၊ နိုင္ငံေရးပါတီေတြကဘဲျဖစ္ျဖစ္ ကိုဗစ္ေၾကာင့္ အကုန္အခက္ေတြ႕သြားတယ္၊ ပလက္ဝဘက္ဆိုပိုဆိုးတယ္ သြားလို႔လာလို႔မရေတာ့ ပိုခက္ခဲတယ္၊ အဲဒါေၾကာင့္ မဲ႐ုံဝန္ထမ္းအခ်ိဳ႕လဲ ေသခ်ာသင္တန္းမေပးနိုင္ေတာ့ စည္းကမ္းပိုင္းမွာ အားနည္းတာတစ္ခ်ိဳ႕ရွိခဲ့တယ္”ဟု ဉီးလင္းေက်ာ္ကေျပာသည္။

တစ္ကမၻာလုံးတြင္ ကိုဗစ္ေရာဂါျပန႔္ပြားေနသည့္ ကာလျဖစ္သျဖင့္ ၂၀၂၀ အေထြအေထြေရြးေကာက္ပြဲအား ေရႊ႕ဆိုင္း ေပးရန္ ႏိုင္ငံေရးပါတီမ်ားက ေတာင္းဆိုမႈအခ်ိဳ႕ရွိခဲ့ေသာ္လည္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က နဂိုသတ္မွတ္ထားသည့္ ႏို၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပျပဳလုပ္ခဲ့ၿပီး က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ စည္းကမ္းသတ္မွတ္ခ်က္အတိုင္း မဲရံုအေတာ္မ်ားမ်ားတြင္ေဆာင္ရြက္ျခင္းမရွိဟုဆိုကာ ေ၀ဖန္မႈမ်ားလည္းရွိေနခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.