Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တပ်မတော် အာဏာသိမ်းယူမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း CHRO မှ သဘောထားထုန်ပြန်

တပ်မတော် အာဏာသိမ်းယူမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း CHRO မှ သဘောထားထုန်ပြန်

0
By Editor on February 10, 2021 Khonumthung

#Unicode

By Benezer – ဖေဖော်ဝါရီလ (၁) ရက်နေ့က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် တပ်မတော်၏လုပ်ရပ်သည် တိုင်းပြည်ကို ဒီမိုကရေစီစနစ်တည်ဆောက်ရေးလမ်းကြောင်းမှ သွေဖြည်စေပြီး အန္တရာယ်ကြီးမားသည့် နောက်ကြောင်းပြန် အနေအထားဖြစ်သ ည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။
“ဘယ်လိုနည်းလမ်းနဲ့ဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းရာနဲ့ဘဲဖြစ်ဖြစ် အာဏာသိမ်းတယ်ဆိုတဲ့ဟာကို လူ့အခွင့်အရေး ရှုဒေါင့်ကနေပြီးတော့ လက်ခံလို့ရမယ့်အနေအထားမှာမရှိဘူး၊ CHRO ရဲ့ ရပ်တည်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွက် အခုလို ထုတ်ပြန်ချက်ထုတ်ပြန်တာဖြစ်တယ်၊ အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းနိုင်သမျှနည်းအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဖိအားပေးဖို့ ထုတ်ပြန်ချက်မှာလည်း တိုက်တွန်းရတာဖြစ်တယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်ကပြောသည်။
CHRO ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အလားအလားများကို ပျက်စီးစေပြီး၊ ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်နေကြရသည့် ကာလတွင် တိုင်းပြည်၏ ရှိရှိသမျှ ရင်းမြစ်များအားလုံး နှင့် ကာကွယ်တာဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရမည့်အချိန်တွင် မြန်မာ့တပ်မတော်၏လုပ်ရပ်သည် ပြည်သူလူထု၏ ဘဝများကို အန္တရာယ်တွင်းသို့ မဆင်မခြင်ဆွဲခေါ်နေခြင်း ဖြစ်ကြောင်း ထည့်သွင်းထားသည်။
ထို့ပြင် တပ်မတော်အနေဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ သတင်းသမားများ၊ စာရေးဆရာများနှင့် အရပ်ဘက် တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့ အနေဖြင့် တောင်းဆိုပြီး နိုင်ငံးရေးနှင့်ဆက်နွယ်၍ ဆက်လက်ဖမ်းဆီးမှုများ မပြုလုပ်ရန် အလေးအနက်တိုက်တွန်းကြောင်း ပါဝင်သည်။
ချင်းလူ့အခွင့်ရေးအဖွဲ့သည် မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုလုပ်ရပ်အား အများက ရှုတ်ချနေမှုများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်လျက် မတရားမှုများကို တိုက်ဖျက်ကာ တရားမျှတငြိမ်းချမ်းပြီး တန်းတူညီမျှမှုရှီသည့် ဒီမိုကရေစီ အနာဂတ်တည်ဆောက်ရေးဆီသို့ မြန်မာပြည်သူပြည်သားများနှင့်အတူ ညီညီညွတ်ညွတ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ဖော်ပြထားသည်။
#Zawgyi
By Benezer – ေဖေဖာ္ဝါရီလ (၁) ရက္ေန႔က နိုင္ငံေတာ္အာဏာကိုသိမ္းယူခဲ့သည့္ တပ္မေတာ္၏လုပ္ရပ္သည္ တိုင္းျပည္ကို ဒီမိုကေရစီစနစ္တည္ေဆာက္ေရးလမ္းေၾကာင္းမွ ေသြျဖည္ေစၿပီး အႏၲရာယ္ႀကီးမားသည့္ ေနာက္ေၾကာင္းျပန္ အေနအထားျဖစ္သ ည့္အတြက္ ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်သည္ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ (CHRO) က သေဘာထားေၾကညာခ်က္ထုတ္ျပန္လိုက္သည္။
“ဘယ္လိုနည္းလမ္းနဲ႔ဘဲျဖစ္ျဖစ္ ဘယ္လိုအေၾကာင္းရာနဲ႔ဘဲျဖစ္ျဖစ္ အာဏာသိမ္းတယ္ဆိုတဲ့ဟာကို လူ႔အခြင့္အေရး ရႈေဒါင့္ကေနၿပီးေတာ့ လက္ခံလို႔ရမယ့္အေနအထားမွာမရွိဘူး၊ CHRO ရဲ့ ရပ္တည္ခ်က္နဲ႔ လုံးဝ ဆန႔္က်င္ဘက္ျဖစ္တဲ့ အတြက္ အခုလို ထုတ္ျပန္ခ်က္ထုတ္ျပန္တာျဖစ္တယ္၊ အာဏာသိမ္းတာရဲ့ ေနာက္ဆက္တြဲအေနနဲ႔ ျဖစ္ေပၚလာနိုင္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို နည္းနိုင္သမၽွနည္းေအာင္ နိုင္ငံတကာ အဖြဲ႕အစည္းေတြအေနနဲ႔ ဖိအားေပးဖို႔ ထုတ္ျပန္ခ်က္မွာလည္း တိုက္တြန္းရတာျဖစ္တယ္”ဟု ခ်င္းလူ႔အခြင့္ေရးအဖြဲ႕မွ ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ဆလိုင္းဆန္ႏွင္းလ်န္ကေျပာသည္။
CHRO ၏ ထုတ္ျပန္ခ်က္တြင္ အာဏာသိမ္းမႈေၾကာင့္ တိုင္းျပည္၏ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး အလားအလားမ်ားကို ပ်က္စီးေစၿပီး၊ ကိုဗစ္ကပ္ေရာဂါႏွင့္ ရင္ဆိုင္ေနၾကရသည့္ ကာလတြင္ တိုင္းျပည္၏ ရွိရွိသမၽွ ရင္းျမစ္မ်ားအားလုံး ႏွင့္ ကာကြယ္တာဆီးေရးလုပ္ငန္းမ်ား လုပ္ကိုင္ရမည့္အခ်ိန္တြင္ ျမန္မာ့တပ္မေတာ္၏လုပ္ရပ္သည္ ျပည္သူလူထု၏ ဘဝမ်ားကို အႏၲရာယ္တြင္းသို႔ မဆင္မျခင္ဆြဲေခၚေနျခင္း ျဖစ္ေၾကာင္း ထည့္သြင္းထားသည္။
ထို႔ျပင္ တပ္မေတာ္အေနျဖင့္ အစိုးရအဖြဲ႕ေခါင္းေဆာင္မ်ား၊ သတင္းသမားမ်ား၊ စာေရးဆရာမ်ားႏွင့္ အရပ္ဘက္ တက္ႂကြလႈပ္ရွားသူမ်ား အပါအဝင္ ဖမ္းဆီးထားသူမ်ား အားလုံးကို ခ်က္ခ်င္းလႊတ္ေပးရန္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ အေနျဖင့္ ေတာင္းဆိုၿပီး နိုင္ငံးေရးႏွင့္ဆက္ႏြယ္၍ ဆက္လက္ဖမ္းဆီးမႈမ်ား မျပဳလုပ္ရန္ အေလးအနက္တိုက္တြန္းေၾကာင္း ပါဝင္သည္။
ခ်င္းလူ႔အခြင့္ေရးအဖြဲ႕သည္ ျမန္မာ့တပ္မေတာ္၏ အာဏာသိမ္းမႈလုပ္ရပ္အား အမ်ားက ရႈတ္ခ်ေနမႈမ်ားႏွင့္အတူ ခိုင္ခိုင္မာမာရပ္တည္လ်က္ မတရားမႈမ်ားကို တိုက္ဖ်က္ကာ တရားမၽွတၿငိမ္းခ်မ္းၿပီး တန္းတူညီမၽွမႈရွီသည့္ ဒီမိုကေရစီ အနာဂတ္တည္ေဆာက္ေရးဆီသို႔ ျမန္မာျပည္သူျပည္သားမ်ားႏွင့္အတူ ညီညီညြတ္ညြတ္ တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္း ေၾကညာခ်က္ထဲတြင္ေဖာ္ျပထားသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.